တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္၊ ေရႊဗူးသီးဟိုတယ္မ်က္ေစာင္းထိုး လမ္းတစ္ဖက္ရွိ ေခါက္ဆြဲဆိုင္ ေရွ႕တြင္ ေပ်ာက္သြားေသာ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္အတူ ခိုးယူသူအား ဖမ္းဆီးရမိထားၿပီျဖစ္၍ ေမာ္ေတာ္ဆိုင္ကယ္ ပိုင္ရွင္မွ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းသို႔ လာေရာက္၍ ဆိုင္ကယ္အား အေထာက္အထား အျပည့္အစံုျဖင့္ လာေရာက္ ယူႏိုင္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။
"ဆိုင္ကယ္ပိုင္ရွင္အေနနဲ႔ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွာ လာေရာက္ၿပီးေတာ့ ပိုင္ဆိုင္ေၾကာင္း အေထာက္အထားနဲ႔အတူ လာေရာက္ ယူႏိုင္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ တာ၀န္ရွိသူ တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁၀)ရက္ေန႔အကူး နံနက္(၂)နာရီ၀န္းက်င္အခ်ိန္က တာခ်ီလိတ္ၿမိဳ႕ ေရႊဗူးသီးဟိုတယ္မ်က္ေစာင္းထိုး လမ္းတစ္ဖက္ရွိ ေခါက္ဆြဲဆိုင္ေရွ႕တြင္ ဇက္ေသာ့ခတ္၍ ရပ္ထားေသာ Honda Click I အျဖဴျပာနက္ေရာင္ ေမာ္ေတာ္ဆိုင္ကယ္အား အသက္(၃၄)ႏွစ္ရွိ ေဌးေမာင္ ဆိုသူမွာ ဆိုင္ကယ္ဇက္ေသာ့အား လက္ကိုင္လွည့္ခ်ဳိးကာ ခိုးယူခဲ့ျခင္း ျဖစ္ၿပီး ေတာ္ေကာ့ဘုန္းႀကီးေက်ာင္းေရွ႕သို႔ တြန္းသြားၿပီး ဆိုင္ကယ္ေသာ့အံုအား ျဖဳတ္ၿပီး စက္ႏိုးကာ ၿမိဳ႕မသုသာန္ကုန္းသို႔ ေမာင္ႏွင္ ယူေဆာင္သြားျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ ဆိုင္ကယ္ခိုးယူသူသည္ ေက်ာက္ေတာင္ရွိ တာခ်ီလိတ္ၿမိဳ႕မသုသာန္ကုန္းသို႔ ေမာင္းႏွင္လာၿပီး ဆိုင္ကယ္အား ေရာင္းခ်ရန္ ျပဳလုပ္ေနစဥ္ တာခ်ီလိတ္ခရိုင္ မႈ/ကူအဖြဲ႔မွ ရဲအုပ္ေသာင္းေရႊ ႏွင့္ အဖြဲ႔မွ သက္ေသအေထာက္အထားျဖစ္သည့္ ခိုးရာပါ ေမာ္ေတာ္ဆိုင္ကယ္ႏွင့္အတူ ခိုးယူသည္အား ဖမ္းဆီးရမိၿပီး တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရွိေၾကာင္းႏွင့္ ဆိုင္ကယ္အား ပိုင္ရွင္ထံ ျပန္လည္ အပ္ႏွံရန္အတြက္ ရဲတပ္ဖြဲ႔မွ စံုစမ္းေနေၾကာင္း သိရသည္။
"ဆိုင်ကယ်ပိုင်ရှင်အနေနဲ့ တာချီလိတ်မြို့မရဲစခန်းမှာ လာရောက်ပြီးတော့ ပိုင်ဆိုင်ကြောင်း အထောက်အထားနဲ့အတူ လာရောက် ယူနိုင်ပါတယ်"ဟု တာချီလိတ်မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁၀)ရက်နေ့အကူး နံနက်(၂)နာရီဝန်းကျင်အချိန်က တာချီလိတ်မြို့ ရွှေဗူးသီးဟိုတယ်မျက်စောင်းထိုး လမ်းတစ်ဖက်ရှိ ခေါက်ဆွဲဆိုင်ရှေ့တွင် ဇက်သော့ခတ်၍ ရပ်ထားသော Honda Click I အဖြူပြာနက်ရောင် မော်တော်ဆိုင်ကယ်အား အသက်(၃၄)နှစ်ရှိ ဌေးမောင် ဆိုသူမှာ ဆိုင်ကယ်ဇက်သော့အား လက်ကိုင်လှည့်ချိုးကာ ခိုးယူခဲ့ခြင်း ဖြစ်ပြီး တော်ကော့ဘုန်းကြီးကျောင်းရှေ့သို့ တွန်းသွားပြီး ဆိုင်ကယ်သော့အုံအား ဖြုတ်ပြီး စက်နိုးကာ မြို့မသုသာန်ကုန်းသို့ မောင်နှင် ယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်ခိုးယူသူသည် ကျောက်တောင်ရှိ တာချီလိတ်မြို့မသုသာန်ကုန်းသို့ မောင်းနှင်လာပြီး ဆိုင်ကယ်အား ရောင်းချရန် ပြုလုပ်နေစဉ် တာချီလိတ်ခရိုင် မှု/ကူအဖွဲ့မှ ရဲအုပ်သောင်းရွှေ နှင့် အဖွဲ့မှ သက်သေအထောက်အထားဖြစ်သည့် ခိုးရာပါ မော်တော်ဆိုင်ကယ်နှင့်အတူ ခိုးယူသည်အား ဖမ်းဆီးရမိပြီး တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်းနှင့် ဆိုင်ကယ်အား ပိုင်ရှင်ထံ ပြန်လည် အပ်နှံရန်အတွက် ရဲတပ်ဖွဲ့မှ စုံစမ်းနေကြောင်း သိရသည်။