စိတ္ေဖာက္ျပန္ကာ အျခားေနအိမ္ကို မီးရႈိ႕ၿပီး ကေလးငယ္တစ္ဦးအား သတ္ျဖတ္မႈ တာခ်ီလိတ္တြင္ ျဖစ္ပြား

စိတ္ေဖာက္ျပန္ကာ အျခားေနအိမ္ကို မီးရႈိ႕ၿပီး ကေလးငယ္တစ္ဦးအား သတ္ျဖတ္မႈ တာခ်ီလိတ္တြင္ ျဖစ္ပြား
ဇန်နဝါရီ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိိတ္ၿမိဳ႕အေရွ႕ေျမာက္ဘက္ မိုင္းကိုးအုပ္စု နမ့္ဖုန္းရြာတြင္ ေနအိမ္ မီးရိႈ႕ခံရကာ (၇)ႏွစ္အရြယ္ သားျဖစ္သူ အသတ္ခံလုိက္ရသည့္ မိသားစုအား ေနအိမ္ျပန္လည္ တည္ေဆာက္ေရး အတြက္ တာခ်ီလိတ္ခရိုင္/ၿမိဳ႕နယ္ရဲတပ္ဖြဲ႕က မတည္အလႈေငြ က်ပ္(၄)သိန္း ကူညီထားၿပီး အဆိုပါ ျဖစ္ရပ္မွ ထြက္ေျပးေနသည့္ တရားခံ ဖမ္းဆီးရမိေရးကိုလည္း ေဆာင္ရြက္ ေနေၾကာင္း တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

နမ့္ဖုန္းရြာ မဲေခါင္ျမစ္ကမ္းေဘးတြင္ ေနထိုင္သည့္ အသက္ (၃၃)ႏွစ္အရြယ္ က်က်ိဳးသည္ ဇန္နဝါရီလ ၁၃ ရက္ နံနက္ (၁၁)နာရီခန္႔တြင္ စိတ္ေဖာက္ျပန္ကာ ၎၏ေနအိမ္ေရွ႕တြင္ရိွေသာ ေဒၚနားေလာ့တီး၏ ေနအိမ္အား မီးရိႈ႕သျဖင့္ ေဒၚနားေလာ့တီး၏ သားမ်ားျဖစ္သည့္ အသက္ (၁၃)အရြယ္ ရွဲန္ေမြလွႏွင့္ အသက္ (၇)ႏွစ္အရြယ္ ဂီးတိုတို႔က တားျမစ္ရာ က်က်ိဳးက ဓါးျဖင့္ထိုးသျဖင့္ ဂီးတိုမွာ ယာဘက္ပါး၊ ဝဲဘက္ပါး၊ ဝဲနားေအာက္၊ ဝဲဘက္ခါး၊ ယာဘက္နံေစာင္းမ်ားတြင္ ထိုးသြင္းဒဏ္ရာ (၅)ခ်က္ျဖင့္ ေသဆံုးသြားခဲ့ေၾကာင္း သိရသည္။

ယင္းေနာက္ က်က်ိဳးသည္ ဓါးႏွင့္ တူမီးေသနတ္ကို ကိုင္ေဆာင္၍ ေတာထဲထြက္ေျပးသြားသျဖင့္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ (ပ)၁၂/၂၀၁၇၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆/၃၀၂ ျဖင့္ အမႈဖြင့္ၿပီး ဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့အရှေ့မြောက်ဘက် မိုင်းကိုးအုပ်စု နမ့်ဖုန်းရွာတွင် နေအိမ် မီးရှို့ခံရကာ (၇)နှစ်အရွယ် သားဖြစ်သူ အသတ်ခံလိုက်ရသည့် မိသားစုအား နေအိမ်ပြန်လည် တည်ဆောက်ရေး အတွက် တာချီလိတ်ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့က မတည်အလှုငွေ ကျပ်(၄)သိန်း ကူညီထားပြီး အဆိုပါ ဖြစ်ရပ်မှ ထွက်ပြေးနေသည့် တရားခံ ဖမ်းဆီးရမိရေးကိုလည်း ဆောင်ရွက်နေကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

နမ့်ဖုန်းရွာ မဲခေါင်မြစ်ကမ်းဘေးတွင် နေထိုင်သည့် အသက် (၃၃)နှစ်အရွယ် ကျကျိုးသည် ဇန်နဝါရီလ ၁၃ ရက် နံနက် (၁၁)နာရီခန့်တွင် စိတ်ဖောက်ပြန်ကာ၎င်း၏နေအိမ်ရှေ့တွင်ရှိသော ဒေါ်နားလော့တီး၏ နေအိမ်အား မီးရှို့သဖြင့် ဒေါ်နားလော့တီး၏ သားများဖြစ်သည့် အသက် (၁၃)အရွယ် ရှဲန်မွေလှနှင့် အသက် (၇)နှစ်အရွယ် ဂီးတိုတို့က တားမြစ်ရာ ကျကျိုးက ဓားဖြင့်ထိုးသဖြင့် ဂီးတိုမှာ ယာဘက်ပါး၊ ဝဲဘက်ပါး၊ ဝဲနားအောက်၊ ဝဲဘက်ခါး၊ ယာဘက်နံစောင်းများတွင် ထိုးသွင်းဒဏ်ရာ(၅)ချက်ဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျကျိုးသည် ဓားနှင့် တူမီးသေနတ်ကို ကိုင်ဆောင်၍ တောထဲထွက်ပြေးသွားသဖြင့် တာချီလိတ်မြို့မရဲစခန်းတွင် (ပ)၁၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၀၂ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~