ကယား - မယ္ေဟာင္ေဆာင္ ႏွစ္ျပည္နယ္ခ်စ္ၾကည္ေရးကုန္စည္ျပပြဲ စတင္ဖြင့္လွစ္

ကယား - မယ္ေဟာင္ေဆာင္ ႏွစ္ျပည္နယ္ခ်စ္ၾကည္ေရးကုန္စည္ျပပြဲ စတင္ဖြင့္လွစ္
ဇန်နဝါရီ 14, 2017
By Tachileik News Agency

ကယားျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕တြင္ က်င္းပမည့္ ကယားျပည္နယ္ေန႔ပြဲေတာ္၌ ပါဝင္ျပသမည့္ ထုိင္းႏုိ္င္ငံ မယ္ေဟာင္ေဆာင္မွ ႏွစ္ျပည္နယ္ခ်စ္ၾကည္ေရး ကုန္စည္ျပပြဲကို ဇန္နဝါရီလ (၁၄) ရက္ညေန (၄) နာရီတြင္ စတင္ဖြင့္လွစ္လိုက္ေၾကာင္း သိရသည္။

အဆုိပါ အခမ္းအနားသို႔ ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ားႏွင့္ မယ္ေဟာင္ေဆာင္ခရိုင္မွ ခရိုင္ဝန္ႏွင့္ တာဝန္ရိွသူမ်ား၊ ကုန္သည္အသင္းမွအဖြဲ႕ဝင္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

၂၀၁၇ခုႏွစ္ ဇန္န၀ါရီလ(၁၅)ရက္ေန႔ က်ေရာက္မည့္ (၆၅)ႏွစ္ေျမာက္ ကယားျပည္နယ္ အထိမ္းအမွတ္ ပြဲေတာ္အား လိြဳင္ေကာ္ၿမိဳ႕တြင္ က်င္းပမည္ျဖစ္ရာ မယ္ေဟာင္ေဆာင္ခရိုင္မွ ကယားျပည္နယ္သို႔ ပထမဆံုးအႀကိမ္ ကုန္စည္ျပပြဲအျဖစ္ ပါဝင္ျပသျခင္းျဖစ္သည္။

၎ကုန္စည္ျပပြဲတြင္ မယ္ေဟာင္ေဆာင္ခ႐ိုင္မွ ထြက္ရွိေသာ  ေဆးဘက္၀င္ အလွကုန္ပစၥည္းမ်ား ၊ အ၀တ္အထည္မ်ား၊ ေဖ်ာ္ရည္မ်ား၊ လက္ေဆာင္ ပစၥည္းမ်ားလည္း စုစုေပါင္း ကုန္ပစၥည္းအမ်ိဳးအမည္ေပါင္း (၅၀) ေက်ာ္အား ဇန္နဝါရီလ (၁၇) ရက္ေန႔အထိ ျပသမည္ျဖစ္ေၾကာင္း သိရသည္။

မယ္ေဟာင္ေဆာင္ကုန္သည္မ်ား၏ ဆိုင္ခန္းေပါင္း (၃၀) ပါဝင္ျပသေနၿပီး ကယားျပည္နယ္အစိုးရအေနျဖင့္ အခြန္ေကာက္ခံမႈမ်ားအား ႏိုင္ငံေတာ္မွ ျပဌာန္းထားသည့္ နည္းဥပေဒအတိုင္း စီမံေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း ျပည္နယ္အစိုးရအဖြဲ႕ထံမွ သိရသည္။

သတင္း/ဓာတ္ပံု - ဆန္းၿဖဳိးထြန္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ် လွိုင်ကော်မြို့တွင် ကျင်းပမည့် ကယားပြည်နယ်နေ့ပွဲတော်၌ ပါဝင်ပြသမည့် ထိုင်းနို်င်ငံ မယ်ဟောင်ဆောင်မှ နှစ်ပြည်နယ်ချစ်ကြည်ရေး ကုန်စည်ပြပွဲကို ဇန်နဝါရီလ (၁၄) ရက်ညနေ (၄) နာရီတွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် မယ်ဟောင်ဆောင်ခရိုင်မှ ခရိုင်ဝန်နှင့် တာဝန်ရှိသူများ၊ ကုန်သည်အသင်းမှအဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။

၂၀၁၇ခုနှစ် ဇန်နဝါရီလ(၁၅)ရက်နေ့ ကျရောက်မည့် (၆၅)နှစ်မြောက် ကယားပြည်နယ် အထိမ်းအမှတ် ပွဲတော်အား လွိုင်ကော်မြို့တွင် ကျင်းပမည်ဖြစ်ရာ မယ်ဟောင်ဆောင်ခရိုင်မှ ကယားပြည်နယ်သို့ ပထမဆုံးအကြိမ် ကုန်စည်ပြပွဲအဖြစ် ပါဝင်ပြသခြင်းဖြစ်သည်။

၎င်းကုန်စည်ပြပွဲတွင် မယ်ဟောင်ဆောင်ခရိုင်မှ ထွက်ရှိသော ဆေးဘက်ဝင် အလှကုန်ပစ္စည်းများ၊ အဝတ်အထည်များ၊ ဖျော်ရည်များ၊ လက်ဆောင် ပစ္စည်းများလည်း စုစုပေါင်း ကုန်ပစ္စည်းအမျိုးအမည်ပေါင်း (၅၀) ကျော်အား ဇန်နဝါရီလ (၁၇) ရက်နေ့အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။

မယ်ဟောင်ဆောင်ကုန်သည်များ၏ ဆိုင်ခန်းပေါင်း (၃၀) ပါဝင်ပြသနပြေီး ကယားပြည်နယ်အစိုးရအနဖြေင့် အခွန်ကောက်ခံမှုများအား နိုင်ငံတော်မှ ပြဌာန်းထားသည့် နည်းဥပဒေအတိုင်း စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့ထံမှ သိရသည်။

သတင်း/ဓာတ်ပုံ - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~