က်ဳိင္းတံုတြင္ သားမယားျပဳက်င့္မႈျဖင့္ အမႈဖြင့္ခံရသူ တိမ္းေရွာင္ေန

က်ဳိင္းတံုတြင္ သားမယားျပဳက်င့္မႈျဖင့္ အမႈဖြင့္ခံရသူ တိမ္းေရွာင္ေန
ဇန်နဝါရီ 14, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ ့ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ မိုင္းကိုင္အုပ္စုရိွ ကုန္းခမ္းရြာတြင္ ေစ်းလာဝယ္သည့္ အမ်ိဳးသမီးအား အလိုမတူပဲ သားမယားျပဳက်င့္သည့္ဆိုင္ရွင္ကို ရြာထံုးစံျဖင့္ညိႇႏိႈင္းရာ အဆင္မေျပသျဖင့္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းသို႔ ဇန္နဝါရီလ (၁၂) ရက္က တုိင္ၾကားလိုက္ေၾကာင္း သိရသည္။

အခင္းျဖစ္ပြားသည့္ေန႔က ကုန္းခမ္းရြာတြင္ လားဟူႏွစ္သစ္ကူးပြဲက်င္းပေနေသာေန႔ျဖစ္ၿပီး အဆိုပါ အမ်ိဳးသမီးမွာ ယားတ၏ ေနအိမ္ေစ်းဆိုင္သို ့ အရက္ႏွင့္ စားေသာက္စရာမ်ား သြားေရာက္ ဝယ္ယူျခင္းျဖစ္ေၾကာင္း သိရသည္။

ကုန္းခမ္းရြာမွ အသက္(၂၅)ႏွစ္အရြယ္ ယားတက ဇန္န၀ါရီလ(၃)ရက္ေန႔ တစ္ရြာတည္းေနသူ ေစ်းလာဝယ္သည့္ အသက္(၂၀)ႏွစ္အရြယ္ အမ်ိဳးသမီးတစ္ဦးအား အရက္တိုက္၍ အလိုမတူဘဲ သားမယားျပဳက်င့္ခဲ့သည္ဟုဆိုကာ ရြာထုံးစံအရ ႏွစ္ဘက္မိဘမ်ား ညႇိႏိႈင္းရာမွ အဆင္မေျပသျဖင့္ ဇန္န၀ါရီလ (၁၂)ရက္ေန႔တြင္ အမႈဖြင့္ရာ ယားတမွာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း သိရသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ဇန္န၀ါရီလ (၁၃)ရက္ေန ့တြင္ က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ ဒုရဲမွဴးသန္းထြန္းႏွင့္အဖြဲ႔က အခင္းျဖစ္ပြားရာေနရာသို ့ သြားေရာက္စစ္ေဆးကာ သက္ေသခံပစၥည္းမ်ားကို သိမ္းဆည္းခဲ့ေၾကာင္း သိရသည္။

ယားတအား က်ိဳင္းတုံၿမိဳ ့မရဲစခန္းတြင္ (ပ)၁၀/၂၀၁၇ ၊ ရာဇသတ္ႀကီးပုဒ္မ ၃၇၆ ျဖင့္အမႈဖြင့္ထားရိွၿပီး ဖမ္းဆီးရမိေရးေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် မိုင်းကိုင်အုပ်စုရှိ ကုန်းခမ်းရွာတွင် ဈေးလာဝယ်သည့် အမျိုးသမီးအား အလိုမတူပဲ သားမယားပြုကျင့်သည့်ဆိုင်ရှင်ကို ရွာထုံးစံဖြင့်ညှိနှိုင်းရာ အဆင်မပြေသဖြင့် ကျိုင်းတုံမြို့မရဲစခန်းသို့ ဇန်နဝါရီလ (၁၂) ရက်က တိုင်ကြားလိုက်ကြောင်း သိရသည်။

အခင်းဖြစ်ပွားသည့်နေ့က ကုန်းခမ်းရွာတွင် လားဟူနှစ်သစ်ကူးပွဲကျင်းပနေသောနေ့ဖြစ်ပြီး အဆိုပါ အမျိုးသမီးမှာ ယားတ၏ နေအိမ်ဈေးဆိုင်သို့ အရက်နှင့် စားသောက်စရာများ သွားရောက် ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

ကုန်းခမ်းရွာမှ အသက်(၂၅)နှစ်အရွယ် ယားတက ဇန်နဝါရီလ(၃)ရက်နေ့ တစ်ရွာတည်းနေသူ ဈေးလာဝယ်သည့် အသက်(၂၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အရက်တိုက်၍ အလိုမတူဘဲ သားမယားပြုကျင့်ခဲ့သည်ဟုဆိုကာ ရွာထုံးစံအရ နှစ်ဘက်မိဘများ ညှိနှိုင်းရာမှ အဆင်မပြေသဖြင့် ဇန်နဝါရီလ (၁၂)ရက်နေ့တွင် အမှုဖွင့်ရာ ယားတမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် ကျိုင်းတုံမြို့မရဲစခန်းမှ ဒုရဲမှူးသန်းထွန်းနှင့်အဖွဲ့က အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးကာ သက်သေခံပစ္စည်းများကို သိမ်းဆည်းခဲ့ကြောင်း သိရသည်။

ယားတအား ကျိုင်းတုံမြို့မရဲစခန်းတွင် (ပ)၁၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ထားရှိပြီး ဖမ်းဆီးရမိရေးဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~