တနသၤာရီတိုင္းေဒသႀကီးအတြင္း တာ၀န္ ထမ္းေဆာင္ရန္ က်န္းမာေရးဝန္ထမ္း (၁၃၂)ေနရာအတြက္ ဇန္နဝါရီလ ၁၆ ရက္ ေနာက္ဆံုးေလွ်ာက္ထားႏုိင္

တနသၤာရီတိုင္းေဒသႀကီးအတြင္း တာ၀န္ ထမ္းေဆာင္ရန္ က်န္းမာေရးဝန္ထမ္း (၁၃၂)ေနရာအတြက္ ဇန္နဝါရီလ ၁၆ ရက္ ေနာက္ဆံုးေလွ်ာက္ထားႏုိင္
ဇန်နဝါရီ 15, 2017
By Tachileik News Agency

တနသၤာရီတိုင္းေဒသႀကီးအတြင္း တာ၀န္ထမ္းေဆာင္ရန္အတြက္ ၿမိဳ႕နယ္အလိုက္ က်န္းမာေရး ၀န္ထမ္းႀကီးၾကပ္-၂ ရာထူး လစ္လပ္ေနရာ ၁၃၂ ေနရာအတြက္ ဇန္နဝါရီလ (၁၆) ရက္ေန႔ ေနာက္ဆံုး ေလွ်ာက္ထားႏိုင္ေၾကာင္း တိုင္းေဒသႀကီးျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ သိရသည္။

“အရင္က ေလွ်ာက္တဲ့သူေတြက မိန္းကေလးေတြမ်ားတယ္။ ဒီအလုပ္က နယ္ေ၀းေတြ ဘာေတြလည္း တာ၀န္က်ႏိုင္တယ္ဆိုေတာ့ ေယာက္်ားေလးဆိုရင္ ပိုေကာင္းတယ္။ ေနာက္ၿပီး ေလွ်ာက္တဲ့သူေတြကိုလည္း ကိုယ့္နယ္အခ်င္းခ်င္း ျပန္က်ေစခ်င္တယ္။ အျခား နယ္ကလူေတြလႊတ္ရင္ ကိုယ့္ေဒသမဟုတ္ေတာ့ ၾကာၾကာမေနခ်င္ၾကဘူး။” ဟု တနသာၤရီ တိုင္းျပည္သူ႔က်န္းမာေရးဌာနမွ တိုင္းဦးစီးမႈး ေဒါက္တာေက်ာ္ေဇယ် က ေျပာသည္။

အဆိုပါ ရာထူးေနရာအတြက္ အသက္ (၁၈) ႏွစ္မွ (၂၅) ႏွစ္အတြင္း အထက္တန္း ေအာင္ျမင္ထားသူ မ်ား ျပည္သူ႔က်န္းမာေရးဌာနမ်ားတြင္ ေလွ်ာက္လႊာမ်ား အခမဲ့ထုတ္ယူေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

“အစိုးရ၀န္ထမ္းက ေယာက္်ားေလးေတြက သိပ္မလုပ္ခ်င္ၾကဘူး။ သူတို႔က ေခၚရင္လည္း ေယာက္်ားေလးပဲ ေခၚခ်င္ၾကတာ။ ေယာက္်ားေလး၊ မိန္းကေလးအတူတူဆိုရင္ေတာင္ ေယာက္်ားေလးပဲ ဦးစားေပးတယ္။ ၀င္ခြင့္လည္းေအာင္ျပီး ကိုယ့္ေဒသကို တာ၀န္က်ႏိုင္ရင္ေတာ့ ေကာင္းတာေပါ့”ဟု ေဒသခံတစ္ဦးက ဆိုသည္။

သင္တန္း၀င္ခြင့္ေလွ်ာက္လႊာမ်ားကို ဇန္န၀ါရီလ ၁၆ ရက္ေန႔ေနာက္ဆံုးထားျပီး ၿမိဳ႕နယ္က်န္းမာေရးဌာနမ်ားသို႔ ေပးပို႔ရမည္ျဖစ္ၿပီး တနသၤာရီတိုင္းအတြင္း ေက်းလက္ က်န္းမာေရးဌာနခြဲေပါင္း ၃၃၉ ခုရွိေၾကာင္း သိရသည္။

သတင္း - ေရႊေဇာ္

~~~~~~~~⊰❂ unicode ~~~~~~~~
တနင်္သာရီတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်ရန်အတွက် မြို့နယ်အလိုက် ကျန်းမာရေး ဝန်ထမ်းကြီးကြပ်-၂ ရာထူး လစ်လပ်နေရာ ၁၃၂ နေရာအတွက် ဇန်နဝါရီလ (၁၆) ရက်နေ့ နောက်ဆုံး လျှောက်ထားနိုင်ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“အရင်က လျှောက်တဲ့သူတွေက မိန်းကလေးတွေများတယ်။ ဒီအလုပ်က နယေ်ဝးတွေ ဘာတွေလည်း တာဝန်ကျနိုင်တယ်ဆိုတော့ ယောက်ျားလေးဆိုရင် ပိုကောင်းတယ်။ နောက်ပြီး လျှောက်တဲ့သူတွေကိုလည်း ကိုယ့်နယ်အချင်းချင်း ပြန်ကျစေချင်တယ်။ အခြား နယ်ကလူတွေလွှတ်ရင် ကိုယ့်ဒေသမဟုတ်တော့ ကြာကြာမနေချင်ကြဘူး။” ဟု တနသာငြီ် တိုင်းပြည်သူ့ကျန်းမာရေးဌာနမှ တိုင်းဦးစီးမှုး ဒေါက်တာကျော်ဇေယျ က ပြောသည်။

အဆိုပါ ရာထူးနေရာအတွက် အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း အထက်တန်း အောင်မြင်ထားသူ များ ပြည်သူ့ကျန်းမာရေးဌာနများတွင် လျှောက်လွှာများ အခမဲ့ထုတ်ယူလျှောက်ထားနိုင်ကြောင်း သိရသည်။

“အစိုးရဝန်ထမ်းက ယောက်ျားလေးတွေက သိပ်မလုပ်ချင်ကြဘူး။ သူတို့က ခေါ်ရင်လည်း ယောက်ျားလေးပဲ ခေါ်ချင်ကြတာ။ ယောက်ျားလေး၊ မိန်းကလေးအတူတူဆိုရင်တောင် ယောက်ျားလေးပဲ ဦးစားပေးတယ်။ ဝင်ခွင့်လည်းအောင်ပြီး ကိုယ့်ဒေသကို တာဝန်ကျနိုင်ရင်တော့ ကောင်းတာပေါ့”ဟု ဒေသခံတစ်ဦးက ဆိုသည်။

သင်တန်းဝင်ခွင့်လျှောက်လွှာများကို ဇန်နဝါရီလ ၁၆ ရက်နေ့နောက်ဆုံးထားပြီး မြို့နယ်ကျန်းမာရေးဌာနများသို့ ပေးပို့ရမည်ဖြစ်ပြီး တနင်္သာရီတိုင်းအတွင်း ကျေးလက် ကျန်းမာရေးဌာနခွဲပေါင်း ၃၃၉ ခုရှိကြောင်း သိရသည်။

သတင်း - ရွှေဇော်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~