ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံခရိုင်၊ လွိုင်မွေမြို့တွင် ချယ်ရီပန်းများ ခုတ်ထွင် ခူးယူသူများအား သက်ဆိုင်ရာမှ တားမြစ်မှု မရှိကြောင်း နှင့် လာရောက်သူများမှ ချယ်ရီပန်းများကို ခူးယူနေကြကြောင်း သိရသည်။
လွိုင်မွေမြို့၏ စည်ကားသည့် ကာလသည် နှစ်စဉ် ချယ်ရီပန်းများ ပွင့်သည့် အချိန်တွင် စည်ကားဆုံးဖြစ်ပြီး ချယ်ရီပန်းပွင့်ချိန် ကာလ၏ စနေ၊ တနင်္ဂနွေနေ့များတွင် လာရောက်သူ ပိုမိုများပြားကြောင်း ၎င်းထံမှ သိရသည်။
၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့က Green live's လွိုင်မွေ အဖွဲ့မှ လွိုင်မွေမြို့၏ အလှ ချယ်ရီပန်းများကို လုံးဝမခူးစေရေး နှင့် သဘာဝ ပတ်ဝန်းကျင် သာယာလှပရေးအတွက် စနစ်တကျ အမှိုက်စွန့်ပစ်ရေးအဖြစ် သတိပေး ပိုစတာများ သွားရောက်ကပ်ထားသော်လည်း လာရောက်သူ အချို့မှ ချယ်ရီပန်းများကို ခူးယူမှုများနှင့် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုများ ရှိနေလျှက်ဖြစ်ကြောင်း သွားရောက်လည်ပတ်ခဲ့သူများ ထံမှ သိရှိရသည်။
သတင်း - ကိုဇောင်း
"ချယ်ရီပန်းတွေ မခူးဖို့ သက်ဆိုင်ရာက တားမြစ်တာတွေ တော့ မရှိပေမဲ့၊ စာနည်းနည်းပါးပါး ကပ်ထားတာပဲရှိတယ်။"ဟု လွိုင်မွေသို့ သွားရောက်ခဲ့သူ ကျိုင်းတုံဒေသခံ တစ်ဦးက ပြောသည်။
လွိုင်မွမြေို့၏ စည်ကားသည့် ကာလသည် နှစ်စဉ် ချယ်ရီပန်းများ ပွင့်သည့် အချိန်တွင် စည်ကားဆုံးဖြစ်ပြီး ချယ်ရီပန်းပွင့်ချိန် ကာလ၏ စနေ၊ တနင်္ဂေနွနေ့များတွင် လာရောက်သူ ပိုမိုများပြားကြောင်း၎င်းထံမှ သိရသည်။
ဖော်ပြပါ ပုံများမှာ ယနေ့ ဇန်နဝါရီလ(၁၅)ရက်နေ့ နေ့လယ်(၁)နာရီဝန်းကျင်က ခူးယူ သယ်ဆောင်သွားသည့် မြင်ကွင်းများဖြစ်ကြောင်း အဆိုပါ မြင်ကွင်းအား မြင်တွေ့ခဲ့ရသူ ကျောင်းသားတစ်ဦး ထံမှ သိရသည်။
"ထိုင်းမှာဆိုရင်တော့ သဘာဝအလှကို အားလုံးက တန်ဖိုးထားကြတယ်။ ဒေသအုပ်ချုပ်ရေးတွေရော၊ အဖွဲ့အစည်းတွေကရော ပူးပေါင်းကြတယ်။ အခုတော့ လွိုင်မွေက ချယ်ရီတွေက မြန်မြန်ဆန်ဆန် ပျက်ဆီးရတဲ့ အနေအထားဖြစ်နေတယ်။ နောက်နှစ်တွေမှာ သက်ဆိုင်ရာတွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင် ကောင်းပါတယ်။ ပန်းမခူးရဆိုတဲ့ စာကပ်ထားရုံနဲ့ ရမယ်မထင်ပါဘူး"ဟု ကျိုင်းတုံဒေသခံ ကိုစိုင်းအောင်က ပြောသည်။
၂၀၁၇ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့က Green live's လွိုင်မွေ အဖွဲ့မှ လွိုင်မွမြေို့၏ အလှ ချယ်ရီပန်းများကို လုံးဝမခူးစေရေး နှင့် သဘာဝ ပတ်ဝန်းကျင် သာယာလှပရေးအတွက် စနစ်တကျ အမှိုက်စွန့်ပစ်ရေးအဖြစ် သတိပေး ပိုစတာများ သွားရောက်ကပ်ထားသော်လည်း လာရောက်သူ အချို့မှ ချယ်ရီပန်းများကို ခူးယူမှုများနှင့် စည်းကမ်းမဲ့ အမှိုက်များ စွန့်ပစ်မှုများ ရှိနေလျှက်ဖြစ်ကြောင်း သွားရောက်လည်ပတ်ခဲ့သူများ ထံမှ သိရှိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - ဟိန်းကျော်လင်း