ထိုင်းနိုင်ငံမှ အလှူရှင်များက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လူမှုရေးအသင်းများသို့ ခေါင်းတလား ၁၁၁ လှူဒါန်း
ထိုင်းနိုင်ငံမှ အလှူရှင်များက ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လူမှုရေးအသင်းများသို့ ခေါင်းတလား ၁၁၁ လှူဒါန်း
ဇနျနဝါရီ 16, 2017
By Tachileik News Agency
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ထိုင်းနိုင်ငံသားများ လှူဒါန်းလာသည့် ခေါင်းတလား(၁၁၁)လုံးအား မယ်ဆိုင်လူမှုဂရုဏာအသင်းမှ တဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လူမှုကူညီရေးအသင်း (၈)သင်းသို့ ခွဲဝေလှူဒါန်းပေးလိုက်ကြောင်း သိရသည်။
မယ်ဆိုင်လူမှုဂရုဏာအသင်းက အဆိုပါခေါင်းတလားများကို ဇန်န၀ါရီလ(၁၅)ရက်နေ့ ညနေပိုင်းတွင် လူမှုကူညီရေးအသင်း(၈)သင်းသို့ ခွဲဝေလှူဒါန်းလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမှလှုဒါန်းလာသည့် ခေါင်းတလားများအား မယ်ဆိုင်လူမှုဂရုဏာအသင်းမှတဆင့် တာချီလိတ်မြို့နယ်ရှိ အလင်းရောင်ပရဟိတအသင်းသို့ (၁၁)လုံး၊ ၀မ်ကောင်းရပ်ကွက် သာရေးနာရေးအသင်းသို့ (၁၀)လုံး၊ မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်)သို့ (၁၅)လုံး၊ တာလေမြို့ရှိ တာလေလူမှုကူညီရေးအသင်းသို့ (၁၅)လုံး၊ လောကပါလပရဟိတအသင်းသို့(၁၅)လုံး၊ မိုင်းဖြတ်မြို့ရှိ သင်္ဂဟ လူမှုကူညီရေးအသင်းသို့ (၁၅)လုံး၊ မိုင်းဆတ်မြို့ရှိ  မဇ္ဈိမလူမှုကူညီရေးအသင်းသို့ (၁၅)လုံးနှင့် ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်းသို့ (၁၅)လုံး ခွဲဝေလှုဒါန်းလိုက်ကြောင်း သိရသည်။
သတင်း - ကိုဇောင်း
~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှ ထိုင်းနိုင်ငံသားများ လှူဒါန်းလာသည့် ခေါင်းတလား(၁၁၁)လုံးအား မယ်ဆိုင်လူမှုဂရုဏာအသင်းမှ တဆင့် ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ လူမှုကူညီရေးအသင်း (၈)သင်းသို့ ခွေဲဝလှူဒါန်းပေးလိုက်ကြောင်း သိရသည်။
မယ်ဆိုင်မြို့ရှိ မြန်မာနိုင်ငံသားများ ဖွဲ့စည်းထားသော မယ်ဆိုင်လူမှုဂရုဏာအသင်းသို့ ဇန်နဝါရီလ(၁၅)ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံမှ အလှူရှင်များက ထိုင်းဘတ်(၂၀၀၀)စီတန်ဖိုးရှိသည့် ခေါင်းတလား စုစုပေါင်း (၁၁၁)လုံး( စုစုပေါင်းတန်ဖိုး ထိုင်းဘတ်၂၂၂,ဝဝဝ )ကို လာရောက်လှုဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
"ပြီးခဲ့တဲ့ ၂၀၁၅ - ၂၀၁၆ နှစ်ကုန်တုန်းကလည်း အခုလိုပဲ ထိုင်းနိုင်ငံ မယ်ဆို်င်က အလှူရှင်တွေက အခေါင်း(၁၀၀)ကျော် လှူပေးလာဖူးတယ်။ အခုကတော့ ဒုတိယအကြိမ်ပါ"ဟု တာချီလိတ်မြို့ အလင်းရောင်ပရဟိတအသင်းမှ ဒုတိယဥက္ကဌ ဦးနိုင်စိုးက ပြောသည်။
မယ်ဆိုင်လူမှုဂရုဏာအသင်းက အဆိုပါခေါင်းတလားများကို ဇန်နဝါရီလ(၁၅)ရက်နေ့ ညနေပိုင်းတွင် လူမှုကူညီရေးအသင်း(၈)သင်းသို့ ခွေဲဝလှူဒါန်းလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံမှလှုဒါန်းလာသည့် ခေါင်းတလားများအား မယ်ဆိုင်လူမှုဂရုဏာအသင်းမှတဆင့် တာချီလိတ်မြို့နယ်ရှိ အလင်းရောင်ပရဟိတအသင်းသို့ (၁၁)လုံး၊ ဝမ်ကောင်းရပ်ကွက် သာရေးနာရေးအသင်းသို့ (၁၀)လုံး၊ မဇ္ဈိမလူမှုကူညီရေးအသင်း (တာချီလိတ်)သို့ (၁၅)လုံး၊ တာလမြေို့ရှိ တာလေလူမှုကူညီရေးအသင်းသို့ (၁၅)လုံး၊ လောကပါလပရဟိတအသင်းသို့(၁၅)လုံး၊ မိုင်းဖြတ်မြို့ရှိ သဂငှ် လူမှုကူညီရေးအသင်းသို့ (၁၅)လုံး၊ မိုင်းဆတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းသို့ (၁၅)လုံးနှင့် ကျိုင်းတုံမြို့ရှိ နှလုံးလှပိုင်ရှင်များ ( အခမဲ့ ) လူမှုကူညီရေးအသင်းသို့ (၁၅)လုံး ခွဲဝေလှုဒါန်းလိုက်ကြောင်း သိရသည်။
"အရင်က နာရေးနဲ့ပတ်သက်လို့ အလှူရှင်တွေ မရှိတုန်းကတော့ အခက်အခဲတွဖြေစ်တယ်။ အဖွဲ့ဝင်တွေ လိုအပ်တာတွေ စုပြီး လုပ်ရတာ။ အခုလို အလှူရှင်တွေရှိလာတော့ အခေါင်းအတွက် အခက်အခဲ မရှိတော့ဘူးပေါ့။ ပြီးခဲ့တဲ့နှစ်က အခုလို ထိုင်းဘက်လှူလာတုန်းကလည်း ရပါတယ်။ ဒီနေ့တော့ အခေါင်းတွေကို လာသယ်တာပါ။ တစ်ခါထဲ တာလေကို ယူပြန်သွားမှာပါ"ဟု တာလေလူမှုကူညီရေး အသင်းမှ အတွင်းရေးမှူး ဦးရဲဇော်ခိုင်က ပြောသည်။
နှစ်သစ်ကူးကာလများတွင် ထိုင်းနိုင်ငံမှ ခေါင်းတလား(၁၀၀)ကျော်ကို နှစ်စဉ်လှူဒါန်းလေ့ရှိကြောင်း သိရသည်။
သတင်း - ကိုဇောင်း
ဓာတ်ပုံ - အလင်းရောင်ပရဟိတအသင်း၊ တာလေလူမှုကူညီရေးအသင်း
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~