နာမည်အပြည့်အစုံပင် မသိထားသူနှင့် (၂) ရက်မျှသာ ရည်းစားဖြစ်ပြီးနောက် ထိုင်းဘတ်ငွေ (၅) သောင်း ဆုံးရှုံးသွားသည့် အမျိုးသမီး

နာမည်အပြည့်အစုံပင် မသိထားသူနှင့် (၂) ရက်မျှသာ ရည်းစားဖြစ်ပြီးနောက် ထိုင်းဘတ်ငွေ (၅) သောင်း ဆုံးရှုံးသွားသည့် အမျိုးသမီး
By Mr John

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ အမျိုးသမီးတစ်ဦးမှာ နာမည်အပြည့်အစုံကိုပင် မသိထားသော အမျိုးသားတစ်ဦးနှင့် (၂) ရက်သာ ရည်းစားဖြစ်ခဲ့ပြီးနောက် ထိုင်းဘတ်ငွေ (၅၀,၀၀၀) ဆုံးရှုံးသွားခဲ့သည်။ 

ဖြစ်စဉ်မှာ ဘန်ကောက်မြို့ Bangkapi ခရိုင်ရှိ ကွန်ဒိုတိုက်ခန်း ပထမထပ်တွင် နေထိုင်သူ အသက် (၁၈) နှစ်အရွယ် Warissara အမည်ရှိ အမျိုးသမီးက အခန်းတွင် ငွေသား ဘတ် (၉၀,၀၀၀) ကို အညိုရောင် စက္ကူအိတ်တစ်လုံးထဲထည့်ကာ သူမ၏ အဝတ်ဗီရိုအံဆွဲတွင် ဝှက်ထားပြီး အပြင်သို့ ခဏသွားပြီးနောက် အပြင်ကနေ ပြန်ရောက်လာစဥ် သူမ၏ အခန်းတံခါး သော့ပွင့်နေ၍ အံဆွဲထဲရှိ သူမ၏ ငွေများကို စစ်ဆေးကြည့်ရာ ဘတ် (၅၀,၀၀၀) ပျောက်ဆုံးနေသည်ကို တွေ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ငွေများ ပျောက်ဆုံးနေ၍   သူမ၏ ချစ်သူထံ ဖုန်းဆက်သော်လည်း ဖုန်းမကိုင်သည့်အတွက် သူမ၏ ရည်းစားက ငွေများကို ခိုးယူသွားကြောင်း  သံသယရှိသလို အဝတ်ဗီရိုပေါ်မှ  လက်ဗွေရာများကိုလည်း သတိပြုမိသည့်အတွက်  ၂၀၂၄ ခုနှစ် ဩဂုတ်လ (၃)ရက်နေ့၏  နံနက် (၃) နာရီ (၂၀) မိနစ်တွင် Hua Mark ရဲစခန်းသို့ သွားရောက် တိုင်ကြားခဲ့သည်။

သူမအနေဖြင့် ရည်းစား၏ နာမည်အပြည့်အစုံကို မသိရှိသလို ယခုဖြစ်ရပ် မတိုင်မီ ရည်းစားဖြစ်ခဲ့ကြသည်မှာလည်း (၂) ရက်မျှသာရှိသေးပြီး နေအိမ်သို့ ခေါ်လာပြီးနောက် ယခုလို ဖြစ်ပွားခြင်း ဖြစ်ကြောင်း Warissara က ဝန်ခံခဲ့သည်။

 

Source: The Thaiger