ဂန့်ဂေါ - ကလေး ကားလမ်းပေါ် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းမိုင်းခွဲခံရပြီး ကား(၄)စီး ပျက်စီးကာ (၃၀)ဝန်းကျင် သေဆုံး

ဂန့်ဂေါ - ကလေး ကားလမ်းပေါ် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းမိုင်းခွဲခံရပြီး ကား(၄)စီး ပျက်စီးကာ (၃၀)ဝန်းကျင် သေဆုံး
သြဂုတ် 23, 2021

ဂန့်ဂေါ - ကလေး ကားလမ်းပေါ်တွင် အာဏာသိမ်းအကြမ်းဖက် စစ်တပ်ကား (၈)စီးပါသည့် ယာဉ်တန်း ယနေ့ ၂၀၂၁ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့တွင် မိုင်းခွဲခံရ၍ (၄)စီး မိုင်းထိပျက်စီးပြီး (၃၀)ဝန်းကျင် သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိမှုလည်း များပြားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ဂန့်ဂေါ) က သတင်းထုတ်ပြန်လာသည်။

ဂန့်ဂေါ(PDF)အနေဖြင့် လုပ်ဆောင်ခဲ့ပြီးသော တိုက်ပွဲများနှင့်ပတ်သက်၍  ပြည်သူများဘေးကင်းလုံခြုံရေးအတွက် ထုတ်ပြန်ကြေညာခြင်းမပြုဘဲ အထူးလျှို့ဝှက်ထားခဲ့သော်လည်း ယခုအချိန်မှစ၍ ထုတ်ပြန်သင့်သည်ဟုယူဆသော လုပ်ဆောင်ချက်များကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြာင်းလည်း အသိပေးထားသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့ ဩဂုတ်လ(၂၃)ရက်နေ့ ည(၉)နာရီခွဲဝန်းကျင်အချိန်က ဂန့်ဂေါမြို့နယ် နှမ်းခါးရွာ တစ်ဝိုက်တွင် ဒရုန်း(Drone)ဖြင့် လွတ်ပြီး ကင်းထောက်မှုများ လုပ်ဆောင်နေကြောင်းလည်း သိရသည်။