စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနှင့်အတူ ရပ်တည်ပါက တန့်ဆည် TPC က ဆုငွေ ကျပ်(၇၅)သိန်းချီးမြှင့်မည်

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြည်သူနှင့်အတူ ရပ်တည်ပါက တန့်ဆည် TPC က ဆုငွေ ကျပ်(၇၅)သိန်းချီးမြှင့်မည်
သြဂုတ် 11, 2021

အာဏာသိမ်းစစ်ကောင်စီတပ်မှ ပြည်သူနှင့်ရပ်တည်လိုသည့် တပ်ဖွဲ့ဝင်များကို Taze People Comrades – TPC က ကြိုဆိုလိုက်ပြီး လက်နက်အပြည့်အစုံနှင့် ဝင်လာသူများကို တစ်ဦးလျှင် ဆုငွေ ကျပ် (၇၅) သိန်းချီးမြှင့်မည်ဟု ၂၀၂၁ ခုနှစ် ဩဂုတ်လ (၁၁) ရက်နေ့တွင် ကြေညာထားသည်။

ယင်းအပြင် အဆိုပါတပ်ဖွဲ့ဝင်၏ မိသားစုလုံခြုံရေးနှင့် နေထိုင်စားသောက်ရေးကိုပါ တာဝန်ယူစီမံပေးမည်ဟုလည်း ကြေညာထားသည်ကို တွေ့ရသည်။

အလားတူ CDF-Mindat ကလည်း စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်များ လက်နက်အပြည့်အစုံနှင့် ထွက်ပြေးလာပါက ကျပ်သိန်း (၅၀) ချီးမြှင့်မည်ဟု ကြေညာထားသည်။