ထားဝယ်မြို့ရှိ ဆေးလိပ်ကုမ္ပဏီရုံးခွဲကို တပ်နဲ့ရဲက ဝင်စီးပြီး အမျိုးသား(၂)ဦးကို ဖမ်းဆီးကာ ကျပ်သိန်း(၉၀၀)ဝန်းကျင်ကိုယူဆောင်သွား

ထားဝယ်မြို့ရှိ ဆေးလိပ်ကုမ္ပဏီရုံးခွဲကို တပ်နဲ့ရဲက ဝင်စီးပြီး အမျိုးသား(၂)ဦးကို ဖမ်းဆီးကာ ကျပ်သိန်း(၉၀၀)ဝန်းကျင်ကိုယူဆောင်သွား
ဧပြီ 5, 2021

ထားဝယ်မြို့သစ် လဝကရုံးအနီးရှိ  ဆေးလိပ်ဖြန့်ချိရေးကုမ္ပဏီတစ်ခု၏ ထားဝယ်ရုံးခွဲကို အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက် အဖွဲ့က ယနေ့ ဧပြီလ(၅)ရက်နေ့ နံနက်ပိုင်းက ဝင်ရောက်စီးနင်းပြီး (၂)ဦးကို ဖမ်းဆီးပြီး ကျပ်ငွေ သိန်း(၉၀၀)ဝန်းကျင်ကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက်အဖွဲ့၏ စစ်တပ် နှင့် ရဲ အယောက် (၃၀)ဝန်းကျင်မှ ဝင်ရောက်စီးနင်းခြင်းဖြစ်ပြီး ရုံးအတွင်းရှိ Fuxing Brother Groups ကုမ္ပဏီ၏ ထားဝယ်ရုံးခွဲတာဝန်ခံ နှင့် ဝန်ထမ်းတို့ဖြစ်သည့် အမျိုးသား(၂)ဦးကို ဖမ်းဆီးသွားပြီး ရုံးအတွင်းရှိ ငွေများကို ယူဆောင်သွားသည့်အပြင် ရုံးအတွင်းရှာဖွေမှုများပြုလုပ်ကာ ဖျက်ဆီးမှုများလည်း လုပ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိချိန်အထိ ဖမ်းဆီးခံရသူနှင့် ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသည်ကို မသိရသေးသည့်အပြင် မိသားစုနှင့်လည်း ဆက်သွယ်ခွင့်မရသေးကြောင်း သိရသည်။