ဓမ္မစကူးကျောင်းသားပေါင်း(၁၄၄)ဦးအား တာလေမြို့ ဓမ္မစကူးကျောင်းတော်မှ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ပြီးမြောက်ကြောင်း သင်တန်းဆင်းပွဲအခမ်းအနား မတ်လ(၆)ရက်နေ့ နံနက်ပိုင်းတွင် တာလေမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
"ကျောင်းသားတိုင်းကို သင်တန်းဆင်းလက်မှတ်ပေးတယ်၊ တစ်ရက်မှ မပျက်ဘဲ ကျောင်းတတ်မှန်တဲ့ကလေးကို အရုပ်ဆုချပေးတယ် တာလေမြို့နယ်ထဲက ကလေးတွေပါဘဲ၊ သူငယ်တန်းကနေ (၅)တန်းအထိ ကလေးတွေ ပညာသင်ကြားနေတာပါ"ဟု အလုပ်အမှုဆောင် ဒုတိယဥက္ကဌ ဦးသန့်ဇင်လတ်မှပြောသည်။
တာလေမြို့ ဓမ္မစကူးကျောင်းတော်အား ၂၀၁၅ ခုနှစ် ဇန်န၀ါရီ(၁၀)ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မူလတန်းအဆင့်ကလေးငယ်ပေါင်း(၁၄၄)ဦးအား သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။