ဓါတ်ခွဲနေရာ (၃)ခုတွင် စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၃၂၂)ခုတွင် COVID 19 ပိုးတွေ့သူမရှိ

ဓါတ်ခွဲနေရာ (၃)ခုတွင် စစ်ဆေးသည့် ဓါတ်ခွဲနမူနာ (၃၂၂)ခုတွင် COVID 19 ပိုးတွေ့သူမရှိ
မေ 6, 2020
By Tachileik News Agency

COVID 19 ဓါတ်ခွဲနမူနာ စုစုပေါင်း (၃၂၂)ခုကို ရန်ကုန်မြို့ရှိ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ၊ ဆေးသုတေသနဦးစီးဌာနနှင့် အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) နေပြည်တော်တို့တွင် စစ်ဆေးခဲ့သည့်ရလဒ်ကို ၂၀၂၀ ခုနှစ်၊ မေလ (၆)ရက်နေ့ ည (၈)နာရီထုတ်ပြန်ချက်အရ ပိုးတွေ့သူမရှိကြောင်း သိရသည်။

COVID 19 ဓါတ်ခွဲနမူနာများကို ယခင်က အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန တစ်ခုတည်းတွင်သာ စစ်ဆေးနေရာမှ ဆေးသုတေသနဦးစီးဌာနတွင်လည်းကောင်း အမှတ် (၂) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) နေပြည်တော်တွင်လည်းကောင်း တိုးချဲ့စစ်ဆေးလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် မေလ  (၆)ရက်နေ့ ည(၈)နာရီအချိန်ထိ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၁၆၁) ဦးရှိပြီ ဖြစ်ပြီး ကုသမှုခံယူပြီး ပြန်လည်ဓါတ်ခွဲစစ်ဆေးသူများမှ လူနာ (၅၀)ဦးမှာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ရကြောင်း အဖြေရထားပြီဖြစ်ကြောင်း သိရသည်။

အတည်ပြုလူနာများအနက် မေလ (၆)ရက်နေ့အထိ သေဆုံးသူ (၆)ဦး ရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~