ဆွစ်ဇလန်ဆရာဝန်များအသင်းက ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး

ဆွစ်ဇလန်ဆရာဝန်များအသင်းက ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး
ဖေဖော်ဝါရီ 2, 2016
By Tachileik News Agency

ဆွစ်ဇလန်ဆရာဝန်များအသင်းက ကမ္ဘာပေါ်မှာ အသက်အငယ်ဆုံး ကိုယ်ခန္ဓာပူးနေတဲ့အမွှာ ကို အောင်မြင်စွာ ခွဲစိတ်နိုင်ရန် (၁%)သာရှိသော်လည်း အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ ဖေဖေါ်ဝါရီလ(၁)ရက်နေ့ကလေမာတန့်ဒီမောင်ချေး ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အမွှာပူးသည် ဒီဇင်ဘာလကမွေးဖွားခဲ့ပြီး သုံးမွှာပူးရှိပါတယ် နောက်တစ်ယောက်က သာမန်တိုင်းမွေးဖွားနိုင်ပြီးနောက် လီဒေးယား နှင့် မာယား မိန်းကလေးအမွှာနှစ်ယောက်က အသည်းနဲ့ရင်ပတ်ပူးနေကြောင်း တွေ့ခဲ့တဲ့ဖြစ်ရပ်ပါ

ဗန်မြို့ အင်းဆေးစပိုင်းထန်းဆေးရုံတွင် ခွဲစိတ်ကုသခံရသည်။ ကလေးငယ်များအသက်(၈)ရက်သာရိပြီး အလေးချိန်(၂.၂)သာကီလိုဂရမ်ရှိသည်။ အစပိုင်းကဆရာဝန်က ကလေးဒီထက်အသက်ကြီးမှ ခွဲစိတ်ပေးမယ်ဆိုပြီး ကလေးတစ်ယောက်ထဲမှ သွေးတွေအများကြီးထွက်ပြီး သွေးပေါင်ချိန်တက်တယ် နောက်တစ်ယောက်ကျတော့ သွေးနည်းပြီး သွေးပေါင်ချိန်ကျနေတဲ့အတွက် အန္တရာယ်ပိုများလာတယ် ဒါကြောင့်၉၉%အန္တရာယ်များပေမယ့် ခွဲစိတ်ကုသလိုက်ရပါတယ်။

ခွဲစိတ်ပေးတဲ့ဆရာဝန်များအသင်းမှာ ၁၃ ယောက်ပါဝင်ပြီး (၅)နာရီခန့်ကြာပြီး ၁၀.၁၂.၂၀၁၅တွင်ခွဲစိတ်ခဲ့ပါသည်။

"ကျွန်မတို့ခက်ခဲတဲ့အချိန်ကိုဖြတ်ကျော်လာခဲ့ပါတယ် အထူးသဖြင့် ကလေးနှစ်ယောက်ရဲ့အသည်းကိုခွဲတဲ့ အချိန်က ဖိအားအများဆုံးဖြစ်ပါတယ် ကလေးတွေပြောင်းလဲတဲ့အခြေနေကို အကျင့်ပါအောင်တော့ကျင့်ရမှာပါ ဒါကြောင့်ကျွန်မတို့ ကလေးတို့အသက်မလွတ်မှာကိုစိတ်ထားအပြင်ဆင်ထားရပါတယ် ကျွန်မတို့ကလေးများရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့တယ် ဒါဟာလှပတဲ့အရာပါ ကျွန်မရဲ့အလုပ်တသက်လုံးမှတ်သွားမှာပါ"ဟု ဆရာဝန်များအသင်းမှကိုယ်စား ဘာလ်ဘလ ဝိုက်ဟားပေး ကပြောပြပါတယ်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net