w

w
မတ် 18, 2016
By Tachileik News Agency

၂။ 

………….
၃။ တာချီလိတ်ခရိုင်အတွင်း ကျောင်းသားကျောင်းသူ (၃၀၀၀)ကျော်အတွက် NLD ၏ မျှဝေခြင်း အစီအစဉ်စတင်
ကိုဇက် - Tachileik News Agency
တာချီလိတ်၊ မတ်လ (၁၄) ရက်
တာချီလိတ်ခရိုင်အတွင်း ကျောင်းသားကျောင်းသူ(၃၀၀၀)ကျော်အတွက် လိုအပ်သော ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက "မျှဝေခြင်း"အစီအစဉ်ဖြင့် မတ်လ ဒုတိယပတ်အတွင်း အလှူခံလျှက်ရှိကြောင်း သိရသည်။

"ဈေးတွေမှာတော့ လိုက်ပြီး အလှူခံပေးနေတယ်။ ဒီအစီအစဉ်ကို ဧပြီလအထိလုပ်သွားမှာပါ။ ကျောင်း (၁၀၄) ကျောင်းက ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တဲ့ကျောင်းဝတ်စုံ၊ စာအုပ်၊ ခဲတံတွေကအစပေါ့ ကြိုက်တာလာလှူလို့ရတယ်"ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောသည်။

ပြည်သူအချင်းချင်း ပိုလျှံနေသူများမှ လိုအပ်နေသူများအား မျှဝေကူညီခြင်းဖြင့် လိုအပ်နေမှုများ နည်းပါး သွားကာ ပြည်သူများအကြား နွေးထွေးမှုများဖြစ်ပေါ်စေရန် ရည်ရွယ်၍ အဆိုပါအစီအစဉ်ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

"အလှူရှင်အနေနဲ့ ကြိုက်တာ လှူလို့ရတယ်။ ကျောင်းသုံးပစ္စည်းအပြင် အင်္ကျီဟောင်း၊ ပုဆိုးဟောင်းလည်း ရတယ်။ စာအုပ်ဟောင်းတွေလည်းရတယ်။ သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိဆိုတော့ ကြိုက်တာလှူလို့ရတယ်"ဟု မျှဝေခြင်း အစီအစဉ်တွင် လုပ်ကိုင်နေသည့် NLD ပါတီဝင် ကိုမောင်ထွေးက ပြောသည်။

အလှူခံရရှိသော ကျောင်းသုံးပစ္စည်းများနှင့် စာအုပ်၊ ခဲတံ၊ ဘောပင်တို့အား ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် တာချီလိတ်ခရိုင်အတွင်းရှိ ကျောင်းပေါင်း(၁၀၄)ကျောင်းမှ ကျောင်းသားကျောင်းသူပေါင်း(၃၀၀၀)ကျော်အား ပြန်လည်ပေးအပ်သွားမည်ဖြစ်ကြောင်း  သိရသည်။
……………
၎။ မိုင်းလားဒေသမှတစ်ဆင့် တရုတ်တင်ပို့နေသည့် တာချီလိတ်ရာဘာတင်ပို့မှု အရှုံးပေါ်နေ
ကိုဇက် - Tachileik News Agency
တာချီလိတ်၊ မတ်လ (၁၄) ရက်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားဒေသမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့နေသည့် တာချီလိတ်ခရိုင်မှ ရာဘာတင်ပို့မှုလုပ်ငန်းမှာ သယ်ယူပို့ဆောင်ခစရိတ်အတွက် အရှုံးပေါ်လျှက်ရှိကြောင်း ရာဘာလုပ်ငန်းရှင်များ အသင်းမှ သိရသည်။

"ရာဘာကိုတင်ပို့တဲ့နေရာမှာ တရုတ်နဲ့ ထိုင်းကိုတင်ပို့ရတာ။ တရုတ်ကိုပို့ရင် မိုင်းလားလမ်းကနေပို့တယ်။ သွားပို့တဲ့သူတွေမကိုက်လို့ ဆက်မပို့တော့ဘူးလို့လည်း ကြားတယ်။ အခုတော့ ဈေးကွက်ရပ်နေတယ်လို့ ပြောလို့ရတယ်"ဟု တာချီလိတ်ခရိုင် ရာဘာလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးထိန်မင်းက ပြောသည်။ 

ဒေသတွင်းမှထုတ်လုပ်သည့် ရာဘာများမှာ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချရန် အရည်အသွေးမပြည့်မီသဖြင့် တရုတ်တင်ပို့မှု ရပ်နားချိန်တွင် ထုတ်လုပ်မှုကိုပါ ရပ်ဆိုင်းထားကြကြောင်း သိရသည်။ 

တာချီလိတ်ခရိုင်အတွင်း ရာဘာစိုက်ဧကပေါင်း (၃၄၈၃၆)ရှိပြီး ၂၀၁၄ ခုနှစ်တွင် ကုန်သည်အချို့ ရော်ဘာကုန်ကြမ်းများအား တာချီလိတ်-ကျိုင်းတုံ-မိုင်းလားမှတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနိုင်ခဲ့သော်လည်း ယခုလက်ရှိ ဈေးကွက်အတွင်း ထုတ်လုပ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်နှင့် ရရှိသော ဈေးနှုန်းမကိုက်သဖြင့် ထုတ်လုပ်ရောင်းချခြင်းမရှိတော့ကြောင်း လုပ်ငန်းရှင်များထံမှသိရသည်။

တာချီလိတ်ခရိုင်အတွင်း စိုက်ပျိုးထားရှိသော ရော်ဘာများအား တရုတ်နိုင်ငံသို့ ၂၀၁၁ ခုနှစ်ခန့်မှ စတင်ရာင်းချနိုင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ကမ္ဘာ့ရော်ဘာဈေးကျဆင်းခဲ့သဖြင့် လာရောက်ဝယ်ယူမှုများ နည်းသွားခဲ့ခြင်းဖြစ်ကြောင်း ၊ယခုစိုက်ပျိုးထားရှိသော စိုက်ဧက (၃)သောင်းကျော်အနက် တစ်ဝက်ခန့်မှာ ထုတ်လုပ်ရောင်းချနိုင်သည့် အခြေအနေတွင်ရှိသော်လည်း ရော်ဘာခြစ်ယူစရိတ်၊ ထုတ်လုပ်စရိတ်၊ သယ်ယူပို့ဆောင်စရိတ်ဖြင့် အရှုံးပေါ်သဖြင့် လုပ်ငန်းရှင်အများစုမှာ ရပ်နားထားခြင်းဖြစ်ကြောင်း ရော်ဘာစိုက်တောင်သူများအသင်းမှ သိရသည်။
………………
၅။