လိပ္ကြ်န္းလူသတ္မႈ ထိုင္းအစိုးရေရွ႕ေနဘက္မွ ေနာက္ဆံုးေျဖရွင္းခ်က္ တရားရံုးသို႔ပို႔ထား

လိပ္ကြ်န္းလူသတ္မႈ ထိုင္းအစိုးရေရွ႕ေနဘက္မွ ေနာက္ဆံုးေျဖရွင္းခ်က္ တရားရံုးသို႔ပို႔ထား
နိုဝင်ဘာ 10, 2016
By Tachileik News Agency

ထိုင္းႏိုင္ငံေတာင္ပိုင္း လိပ္ကၽြန္းတြင္ ၿဗိတိန္ႏိုင္ငံသားႏွစ္ဦး အသတ္ခံရသည့္အမႈ အယူခံႏွင့္ပတ္သက္၍ ထိုင္းအစိုးရေရွ႕ေနဘက္မွ ေနာက္ဆုံး ေျဖရွင္းခ်က္ကို ႏို္၀င္ဘာလ (၁၀)ရက္ေန ့တြင္ ထုိင္းအယူခံ တရားရုံးသို ့ေပးသြင္းထားေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ဘက္ကေနၿပီးေတာ့ ေအာက္တရားရုံးက ကေလးႏွစ္ေယာက္ကို ေသဒဏ္ေပးတာကို မေက်နပ္တဲ့အတြက္ ဒီမႈခင္းျဖစ္စဥ္ဟာ ဘာေတြလြဲမွားေနတယ္။ ဘာေတြ လိုအပ္ေနတယ္ဆိုတာေတြကို အခ်က္အလက္ေတြနဲ ့ တင္ျပၿပီးေတာ့ အယူခံတင္ခဲ့တယ္။ ဒါကို ထိုင္းအစိုးရ တရားစီရင္ေရးဌာန ကေနၿပီးေတာ့ အယူခံတရားရုံးတစ္ခုကို ဖြင့္လွစ္ၿပီးေတာ့ ဆုံးျဖတ္ခ်က္ေပးခဲ့တဲ့ ေအာက္တရားရုံးနဲ ့ တရားလိုျဖစ္တဲ့ ရဲတပ္ဖြဲ ့ကို ဒီအမႈကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ အယူခံ ေျဖရွင္းခ်က္ကို တင္ျပခိုင္းခဲ့တယ္။
ဒါေပမဲ့ သူတုိ ့တင္ခဲ့တာေတြဟာ ခိုင္မာေသခ်ာမႈ မရိွတဲ့အတြက္ ေသခ်ာျပန္ျပင္ပါဦးဆိုၿပီးေတာ့ တင္လိုက္ ပယ္လုိက္နဲ ့ ျပင္ခိုင္းတာ (၉)ႀကိမ္ရိွၿပီ။ ဒီေန ့ကေတာ့ ေနာက္ဆုံးအေနနဲ ့ တင္ခုိင္းတာေပါ့"ဟု MAT(ထုိင္းႏုိင္ငံေရာက္ျမန္မာႏုိင္ငံသားမ်ားအဖြဲ႕ ) ဒါရိုက္တာ ဦးေက်ာ္ေသာင္းက Tachileik News Agencyသို႔ ေျပာသည္။

အဆိုပါအမႈမွ ျမန္မာႏိုင္ငံသားႏွစ္ဦးအား ေကာ့စမီြတရားရုံးက ေသဒဏ္ခ်မွတ္ထားသျဖင့္ ေမလက တရားခံ တစ္ဦးလွ်င္ အယူခံစာမ်က္ႏွာေပါင္း (၁၉၈)မ်က္ႏွာပါသည့္ အယူခံလႊာႏွင့္ မူလတရားရုံးမွ အမႈတြဲတို႔ကို တင္ျပခဲ့ၿပီး ထိုအယူခံတို႔ကို ျပန္လည္ ေျဖရွင္းေလွ်ာက္လဲ ခ်က္ေပးရန္အတြက္ တရားလိုဘက္အား ထိုင္းအယူခံတရားရုံးက အမိန္ ့ ခ်ထားျခင္းျဖစ္ေၾကာင္း သိရသည္။

"အေျဖေတြကေတာ့ ေနာက္တစ္ပတ္ေလာက္မွ သိမယ္လို႔ထင္ပါတယ္။ စာမ်က္ႏွာေပါင္း (၃၀၀)ေလာက္ပါတဲ့ အယူခံလႊာကို ဒီေန ့တစ္ရက္တည္း ဖတ္ၿပီးဆုံးျဖတ္လို ့မရတဲ့အတြက္ပါ။ ဒီကိစၥကို သူတို ့ ၿပီးစလြယ္ေတာ့ ဆုံးျဖတ္လို ့မရဘူး။ ဒီကိစၥဟာ ထိုင္းတရားေရးမ႑ိဳင္ရဲ႕ အစမ္းသပ္ခံျဖစ္သလို ထိုင္းႏိုင္ငံရဲ႕ ဂုဏ္သိကၡာနဲ ့လည္း ဆိုင္လို ့ သူတို ့ သတိထားၿပီးေတာ့ ဆုံးျဖတ္မွာပါ။"ဟု ဦးေက်ာ္ေသာင္းက ေျပာသည္။

ထိုင္းအစိုးရေရွ႕ေနမ်ားဘက္မွ အယူခံအေပၚ တိက်ခိုင္မာစြာ ျပန္လည္ေခ်ပႏိုင္ပါက အမႈမွာ ၂၀၁၇ ခုႏွစ္ ႏွစ္ဆန္းပိုင္းတြင္ အမိိန္႔ ခ်မွတ္ႏိုင္မည္ျဖစ္ၿပီး မေခ်ပႏိုင္ပါက ေစာလ်င္စြာ အမိန္႔ခ်မွတ္ႏုိင္မည္ျဖစ္သလို ျပစ္ဒဏ္မွာလည္း ေလ်ာ့က်လာဖြယ္ရိွေၾကာင္း သိရသည္။

၂၀၁၄ ခုႏွစ္ စက္တင္ဘာလ (၁၅)ရက္ေန ့က ၿဗိတိန္ႏိုင္ငံသားႏွစ္ဦး လိပ္ကၽြန္းတြင္ အသတ္ခံခဲ့ရသည့္ အမႈႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံသား ႏွစ္ဦးျဖစ္သည့္ ကိုေဇာ္လင္းႏွင့္ ကို၀င္းေဇာ္ထြန္းတို ့မွာ တရားစြဲဆိုခံခဲ့ရၿပီး ေသဒဏ္ခ်မွတ္ခံခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္


~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံရသည့်အမှု အယူခံနှင့်ပတ်သက်၍ ထိုင်းအစိုးရရှေ့နေဘက်မှ နောက်ဆုံး ဖြေရှင်းချက်ကို နို်ဝင်ဘာလ (၁၀)ရက်နေ့တွင် ထိုင်းအယူခံ တရားရုံးသို့ပေးသွင်းထားကြောင်း သိရသည်။

"ကျွန်တော်တို့ ဘက်ကနပြေီးတော့ အောက်တရားရုံးက ကလေးနှစ်ယောက်ကို သေဒဏ်ပေးတာကို မကျေနပ်တဲ့အတွက် ဒီမှုခင်းဖြစ်စဉ်ဟာ ဘာတွေလွဲမှားနေတယ်။ ဘာတွေ လိုအပ်နေတယ်ဆိုတာတွေကို အချက်အလက်တွေနဲ့ တင်ပြပြီးတော့ အယူခံတင်ခဲ့တယ်။ ဒါကို ထိုင်းအစိုးရ တရားစီရင်ရေးဌာန ကနပြေီးတော့ အယူခံတရားရုံးတစ်ခုကို ဖွင့်လှစ်ပြီးတော့ ဆုံးဖြတ်ချက်ပေးခဲ့တဲ့ အောက်တရားရုံးနဲ့ တရားလိုဖြစ်တဲ့ ရဲတပ်ဖွဲ့ကို ဒီအမှုကိစ္စနဲ့ ပတ်သက်ပြီးတော့ အယူခံ ဖြေရှင်းချက်ကို တင်ပြခိုင်းခဲ့တယ်။
ဒါပေမဲ့ သူတို့တင်ခဲ့တာတွေဟာ ခိုင်မာသေချာမှု မရှိတဲ့အတွက် သေချာပြန်ပြင်ပါဦးဆိုပြီးတော့ တင်လိုက် ပယ်လိုက်နဲ့ ပြင်ခိုင်းတာ (၉)ကြိမ်ရှိပြီ။ ဒီနေ့ကတော့ နောက်ဆုံးအနေနဲ့ တင်ခိုင်းတာပေါ့"ဟု MAT(ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ) ဒါရိုက်တာ ဦးကျော်သောင်းက Tachileik News Agencyသို့ ပြောသည်။

အဆိုပါအမှုမှ မြန်မာနိုင်ငံသားနှစ်ဦးအား ကော့စမွီတရားရုံးက သေဒဏ်ချမှတ်ထားသဖြင့် မေလက တရားခံ တစ်ဦးလျှင် အယူခံစာမျက်နှာပေါင်း (၁၉၈)မျက်နှာပါသည့် အယူခံလွှာနှင့် မူလတရားရုံးမှ အမှုတွဲတို့ကို တင်ပြခဲ့ပြီး ထိုအယူခံတို့ကို ပြန်လည် ဖြေရှင်းလျှောက်လဲ ချက်ပေးရန်အတွက် တရားလိုဘက်အား ထိုင်းအယူခံတရားရုံးက အမိန့် ချထားခြင်းဖြစ်ကြောင်း သိရသည်။

"အဖြေတွေကတော့ နောက်တစ်ပတ်လောက်မှ သိမယ်လို့ထင်ပါတယ်။ စာမျက်နှာပေါင်း (၃၀၀)လောက်ပါတဲ့ အယူခံလွှာကို ဒီနေ့တစ်ရက်တည်း ဖတ်ပြီးဆုံးဖြတ်လို့မရတဲ့အတွက်ပါ။ ဒီကိစ္စကို သူတို့ ပြီးစလွယ်တော့ ဆုံးဖြတ်လို့မရဘူး။ ဒီကိစ္စဟာ ထိုင်းတရားရေးမဏ္ဍိုင်ရဲ့ အစမ်းသပ်ခံဖြစ်သလို ထိုင်းနိုင်ငံရဲ့ ဂုဏ်သိက္ခါနဲ့လည်း ဆိုင်လို့ သူတို့ သတိထားပြီးတော့ ဆုံးဖြတ်မှာပါ။"ဟု ဦးကျော်သောင်းက ပြောသည်။

ထိုင်းအစိုးရရှေ့နေများဘက်မှ အယူခံအပေါ် တိကျခိုင်မာစွာ ပြန်လည်ချေပနိုင်ပါက အမှုမှာ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမိန့် ချမှတ်နိုင်မည်ဖြစ်ပြီး မချေပနိုင်ပါက စောလျင်စွာ အမိန့်ချမှတ်နိုင်မည်ဖြစ်သလို ပြစ်ဒဏ်မှာလည်း လျော့ကျလာဖွယ်ရှိကြောင်း သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလ (၁၅)ရက်နေ့က ဗြိတိန်နိုင်ငံသားနှစ်ဦး လိပ်ကျွန်းတွင် အသတ်ခံခဲ့ရသည့် အမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့မှာ တရားစွဲဆိုခံခဲ့ရပြီး သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~