ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့

ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့
ဇန်နဝါရီ 14, 2016
By Tachileik News Agency

ထိုင်း-မြန်မာ နယ်စပ် တာချီလိတ်မြို့ မြန်မာ ကျပ်ငွေပေါက်ဈေး ပြောင်းလဲမှုအခြေအနေသည် ဒေါ်လာဈေးအတက်အကျ နှင့် ကုန်သည်များ ငွေဝယ်မှုတွေ မူတည်၍ ပြောင်းလဲကြောင်း တာချီလိတ်မြို့ရှိ ငွေလွှဲဝန်ဆောင်မှုလုပ်ငန်းများထံမှ သိရသည်။

"တာချီလိတ်မှာတော့ ဒေါ်လာဈေးမြှင့်တက်လာရင် ကျပ်ဈေးကျသွားပါတယ် ၊ နောက်ပြီး ကုန်သည်တွေအနေနဲ့ သူတို့ မှာပါလာတဲ့ ကျပ်ငွေနဲ့ ထိုင်းငွေဝယ်ပြီး ကုန်ပစ္စည်းဝယ်ယူ တဲ့အခါမှာလည်း ငွေဈေးနှုန်းတက်ပါတယ် ၊ ငွေဈေးက အပြောင်းအလဲ အမြဲတမ်းဖြစ်ပါတယ် "ဟု တာချီလိတ် ငွေလွှဲဝန်ဆောင်မှု လုပ်ကိုင်သူ ကိုမိုးဟိန်းမှပြောသည်။

တာချီလိတ်တွင် ကျပ်ငွေဈေးမြင့်လာသည့်အခါ မြန်မာပြည်တွင်းသို့ ငွေလွှဲမှုမှာ ကျဆင်းသွားကြောင်း ကျပ်ဈေးကျသည့်အချိန်ပြန်လည်စောင့်ဆိုင်း၍ ငွေဝယ်ယူမှုများလဲ ရှိကြောင်း၊ ငွေလွှဲမှုလုပ်ငန်းတွင် အဓိကအားဖြင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း မြန်မာအလုပ်သမားများမှ နေရပ်များထံသို့ ငွေလွှဲမှုများနှင့် ကုန်သည်များ ထိုင်းကုန်စည်ဝယ်ရန် ဘတ်ငွေလဲလှယ်မှုများသာ များပြားကြောင်း ၎င်းထံမှသိရသည်။

တာချီလိတ်မြို့တွင် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် မြန်မာကျပ်ငွေ (၁)သိန်းလျှင် ထိုင်းဘတငွေ (၂၇၇၅) ဘတ်ခန့်ထိရှိပြီး ဇန်န၀ါရီ (၈)ရက်နေ့တွင် မြန်မာကျပ်ငွေ(၁)သိန်းလျှင် ထိုင်း ဘတ် (၂၈၅၀) ဘတ် ထိ တိတိသာသာ ကျပ်ငွေဈေးနှုန်းများမြင့်တက်လာကာ ဇန်န၀ါရီလ(၉)ရက်နေ့နောက်ပိုင်းတွင် အနည်းငယ် ပြန်ကျသွားလျှက်ရှိကာ ဇန်န၀ါရီရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းဘတ်(၂၇၉၅)ဘတ်ရှိကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net