၂၀၁၅ခုနှစ် အကြိမ်(၂၀)မြောက် စုပေါင်း မဟာဘုံကထိန်တွင် စာရင်းအရ (၇၈)ခုရှိပြီး စာရင်းမဲ့များ အပါအ၀င် ပဒေသာပင် (၁၀၀)၀န်းကျင်ရှိကြောင်း နှင့် စာရင်းရှိ ပဒေသာပင်များ၏ ပစ္စည်းနှင့်ငွေသား စုစုပေါင်း တန်ဖိုးမှာ ငွေကျပ် (၂၀,၆၂၈,၃၃၂) နှစ်ရာ့ခြောက်သိန်းနှစ်သောင်းရှစ်ထောင်သုံးရာ သုံးဆယ့်နှစ်ကျပ် ရှိကြောင်း နှင့် ထိုင်းဘတ်ငွေဖြင့် (၆၈၀,၉၄၉) ခြောက်သိန်းရှစ်သောင်းကိုးရာလေးဆယ့်ကိုးဘတ် ရှိကြောင်း သိရသည်။
၂၀၁၄ခုနှစ် (၁၉)ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို တာချီလိတ်မြို့ ရွှေပြည်သာ ပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်နိုင်ခဲ့ရာ ဘုံကထိန်ပဒေသာပင် စုစုပေါင်း (၇၀)ကျော်ရှိပြီး ပစ္စည်းတန်ဖိုးနှင့် ငွေသား တန်ဖိုးစုစုပေါင်း ကျပ်ငွေ (၁၇,၅၈၄,၅၃၈)ကျပ်နှင့် ထိုင်းဘတ်ငွေ ( ၅၇၂,၂၁၂)ဘတ်ရှိကြောင်း သိရသည်။