တရုတ်နှစ်သစ်ကူးအမီ ရည်းစားငှားဝန်ဆောင်မှုခေတ်စားလာ

တရုတ်နှစ်သစ်ကူးအမီ ရည်းစားငှားဝန်ဆောင်မှုခေတ်စားလာ
ဖေဖော်ဝါရီ 1, 2016
By Tachileik News Agency

ဖေဖေါ်ဝါရီလမှာ ရောက်တော့မယ့် တရုတ်နှစ်သစ်ကူးကာလအမီ ရည်းစားငှားတဲ့စီးပွားရေးလည်း အရမ်းခေတ်စားနေတာကြောင့် ယူနန်တီဗီကသတင်းထောက်တွေဟာ ကွင်းဆင်းပြီး လေ့လာကြည့်တဲ့အခါ ရည်းစားငှားတဲ့လုပ်ငန်းတွေဟာ စုံတွဲရှာပေးနေတဲ့ကုမ္ပဏီတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
တရုတ်နှစ်သစ်ကူးမှာ ထုံးစံအရ တရုတ်လူမျိုးတွေဟာ ကိုယ့်မြို့ ကိုယ့်ရွာပြန်ပြီး မိဘမိတ်ဆွေအမျိုးတွေဆီသို့ အလည်ပြန်ကြပါတယ်။ ဒီလိုပြန်ကြရာမှာ ယောက်ျားလေးတွေအတွက်တော့ တရုတ်နှစ်သစ်ကူးဆိုရင် ကိုယ့်ရည်းစားကို မိဘတွေနဲ့ခေါ်တွေ့ မိတ်ဆက်ဂါရဝပြုကြပါတယ်။
တရုတ်ယောက်ျားလေးတွေ ရည်းစားမပါဘဲ အိမ်ကို တစ်ယောက်ထဲ ပြန်ရင်တော့ မျိုးရိုးမှာ အမွေဆက်ခံမယ့် ကိစ္စကို စိုးရိမ်တဲ့ မိသားစုတွေအတွက်တော့ စိုးရိမ်ရတဲ့ အကြောင်းအရာတစ်ခုပါ။ ဒါကြောင့်လည်း ဒီကိစ္စကိုဖြေရှင်းဖို့အတွက် စီးပွားရေးသမားတစ်ယောက်က "ရည်းစားငှား" ဝန်ဆောင်မှုပြုလုပ်ပြီး မိန်းကလေးတွေကို ရည်းစားအဖြစ် အိမ်ခေါ်ပြန်လို့ရတဲ့ ဝန်ဆောင်မှုတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
ဒီရည်းစားဝန်ဆောင်မှုကနေ မိန်းကလေးချောချောလေးတွေကို (၇)ရက်အထိ အိမ်ခေါ်ပြန်ရင် ယွမ် ခြောက်ထောင်ကနေ ခုနှစ်ထောင်အထိ ပေးရပါတယ်။
မိန်းကလေးတွေအယောက် (၂၀) ကနေ (၃၀) လောက်ထဲကနေ ရွေးချယ်လို့ရပြီးတော့ မိန်းကလေးတွေရဲ့ ကိုယ်ရေးအကြောင်းအရာထဲမှာ အိမ်ထဲမှာအတူအိပ်ပြီး တစ်ခန်းထဲမှာအိပ်လည်း ဘာမှမဖြစ်ဘူးလို့ ရေးထားတယ်လို့ ဆိုပါတယ်။
အကယ်၍ သတ်မှတ်ရက်ထက်ပိုပြီး ငှားချင်ရင် ကုမ္ပဏီက အဆင့်ဆင့်ဈေးနှုန်းပေါင်းတွက်သွားမှာဖြစ်ပြီး အရေးပေါ်ဖျက်သိမ်းမယ်ဆိုရင် ကုမ္ပဏီက ငွေပြန်အမ်းပေးမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ တရုတ်နှစ်သစ်ကူးအတွက် ရည်စားငှားတဲ့စီးပွားရေးဟာ ဒီနှစ်မှ စတာတော့မဟုတ်ပါဘူး။
ဒီလိုလုပ်ငန်းတွေနဲ့ ဧည့်သည်တွေဆီက ပိုက်ဆံတွေလိမ်ယူတာတွေရှိပေမဲ့ တရုတ်ဥပဒေဟာ ဒီလိုစီးပွားရေးတွေကို မထိန်းချုပ်နိုင်သေးပါဘူး။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net