Miss Keng Tung 2016 ၏ ဆုရပြိုင်ပွဲဝင်တစ်ဦး Crown ပြန်လည်အပ်နှံပြီး ပြိုင်ပွဲမှ နှုတ်ထွက်

Miss Keng Tung 2016 ၏ ဆုရပြိုင်ပွဲဝင်တစ်ဦး Crown ပြန်လည်အပ်နှံပြီး ပြိုင်ပွဲမှ နှုတ်ထွက်
ဖေဖော်ဝါရီ 26, 2016
By Tachileik News Agency

Miss Keng Tung 2016 ၏ ဆုရပြိုင်ပွဲဝင်တစ်ဦး Crown ပြန်လည်အပ်နှံပြီး ပြိုင်ပွဲမှ နှုတ်ထွက်
Tachileik News Agency
ကျိုင်းတုံ၊ ဖေဖော်ဝါရီလ (၂၆) ရက်

Miss Keng Tung 2016 ၏ First Runner Up နှင့် People Choice Award တို့၏ဆုရှင် နန်းမွေဟွမ်က သရဖူနှင့်ဆုများကို ပြိုင်ပွဲကျင်းပရေးအဖွဲ့ထံပြန်လည်အပ်နှံကာ Miss Golden Land Shan State East ပြိုင်ပွဲမှနှုတ်ထွက်ကြောင်း နန်းမွေဟွမ်က ကြေညာလိုက်သည်။

"ကျွန်မရဲ့ ပြောပြလို့မရတဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကြောင့်ရယ် အခုတက်နေတဲ့ ရူပဗေဒ ဂုဏ်ထူးတန်း တတိယနှစ်ဖြေပြီးရင် မဟာတန်းကိုပါ ဆက်တက်မယ်လို့ ဆုံးဖြတ်ထားတဲ့အတွက် ပညာရေးဖက်ကို ပိုအားထည့်ချင်လို့ ရထားတဲ့ Crownနဲ့ ဆုတွေကို ပြန်အပ်ပြီးတော့ နောက်လာမယ့် ပြိုင်ပွဲကနေလည်း နှုတ်ထွက်လိုက်တာပါ။ အားပေးခဲ့တဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။"ဟု မော်ဒယ် နန်းမွေဟွမ်က ပြောသည်။

ယင်းကဲ့သို့ ပြန်လည်အပ်နှံလိုက်ကြောင်း မော်ဒယ်နန်းမွေဟွမ်က ကြေညာထားသော်လည်း အဖွဲ့အစည်းထံ တရားဝင်လာရောက်အပ်နှံခြင်း မရှိသေးကြောင်း သိရသည်။

"မော်ဒယ် နန်းမွေဟွမ်က သူ့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စကြောင့် Crown နဲ့ ဆုတွေကို Organizationကို ပြန်လည်ပေးအပ်မယ်လို့ သတင်းစာတွေကနေ ကြေညာထားတာပဲ ရှိသေးတာပါ။ Organization ကို လာပြီးတော့ တရားဝင် နှုတ်ထွက်စာတင်ပြီး Crown တွေ လာမအပ်သေးပါဘူး။ လာအပ်ပြီးတော့မှ Organization ကနေပြီးတော့ တရားဝင်ကြေညာပေးသွားပါ့မယ်"ဟု Miss East Shan State Organization မှ City Director ဦးထင်စည်ဆန်းနိုင်က ပြောသည်။

ကျိုင်းတုံမြို့၌ ဧပြီလ(၉)ရက်နေ့တွင် ကျင်းပမည့် Miss Golden Land Shan State East ပြိုင်ပွဲတွင် Miss Keng Tung 2016 နှင့် Miss Tachileik 2016 တို့မှ ရွေးချယ်ခံထားရသည့် ဇကာတင် (၂၀)ဦးက ဆက်လက်ယှဉ်ပြိုင်ကြရမည်ဖြစ်သည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net