လွတ်လပ်ရေးနေ့တွင် တာချီလိတ်မြို့အားကစားကွင်း၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်မည်

လွတ်လပ်ရေးနေ့တွင် တာချီလိတ်မြို့အားကစားကွင်း၌ ပျော်ပွဲရွှင်ပွဲများ ကျင်းပပြုလုပ်မည်
ဒီဇငျဘာ 30, 2016
By Tachileik News Agency


ပျော်ပွဲရွှင်ပွဲ အားကစားပွဲများအား ၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၄)ရက်နေ့ နံနက်(၈)နာရီမှ စ၍ တာချီလိတ်မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်မည်ြုဖစ်ရာ အသက်(၅)နှစ်က ကလေးမှစ၍ အလွတ်တန်းအထိ သက်ဆိုင်ရာ ပြိုင်ပွဲအလိုက် ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများအနေဖြင့် ကျားထွေး/မ ထွေး အသက်(၅)နှစ်အောက် ပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ နှင့် မုန့်စားပြိုင်ပွဲကျင်းပပြီး အရပ်(၄'x၉")အောက်ပြိုင်ပွဲတွင် ဂွေလှိမ့်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ် အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲနှင့် အာလူးဇွန်းတပ် အပြေးပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။

ယင်းအပြင် ကျားလတ်/မလတ် အရပ်(၅'x၂")အောက်ပြိုင်ပွဲတွင် သုံေးချာင်းထောက် အပြေးပြိုင်ပွဲ နှင့် အသက်အရွယ်ကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ကျားကြီး/မကြီး အလွတ်တန်းပြိုင်ပွဲတွင် သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲတို့ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများအနက် တစ်ဦးချင်းပြိုင်ပွဲများအနေဖြင့် သံပုံးရိုက်ပြိုင်ပွဲ၊ ငှက်ပျောတုံးတက်ရိုက်ပြိုင်ပွဲ(အငယ်တန်း) နှင့် ခေါင်းအုံးရိုက်ပြိုင်ပွဲ(ကြီး/ငယ်) စသည့် ပြိုင်ပွဲများကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရသည်။



~~~~~~~~⊰❂ unicode ~~~~~~~~
၂၀၁၇ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် တာချီလိတ်မြို့မအားကစားတွင် ပျော်ပွဲရွှင်ပွဲ အားကစားပွဲများ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပျော်ပွဲရွှင်ပွဲ အားကစားပွဲများအား ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၈)နာရီမှ စ၍ တာချီလိတ်မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်မညြု်ဖစ်ရာ အသက်(၅)နှစ်က ကလေးမှစ၍ အလွတ်တန်းအထိ သက်ဆိုင်ရာ ပြိုင်ပွဲအလိုက် ပါဝင်ဆင်နွှဲနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲများအနဖြေင့် ကျားထွေး/မ ထွေး အသက်(၅)နှစ်အောက် ပြိုင်ပွဲတွင် အာလူးကောက်ပြိုင်ပွဲ နှင့် မုန့်စားပြိုင်ပွဲကျင်းပပြီး အရပ်(၄'ထ၉")အောက်ပြိုင်ပွဲတွင် ဂွေလှိမ့်ပြိုင်ပွဲ၊ ဂုန်နီအိတ်စွတ် အပြေးပြိုင်ပွဲ၊ သုံးချောင်းထောက် အပြေးပြိုင်ပွဲနှင့် အာလူးဇွန်းတပ် အပြေးပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။

ယင်းအပြင် ကျားလတ်/မလတ် အရပ်(၅'ထ၂")အောက်ပြိုင်ပွဲတွင် သေုံးချာင်းထောက် အပြေးပြိုင်ပွဲ နှင့် အသက်အရွယ်ကန့်သတ်ချက်မရှိ ပါဝင်ယှဉ်ပြိုင်နိုင်မည့် ကျားကြီး/မကြီး အလွတ်တန်းပြိုင်ပွဲတွင် သံလုံးပစ်ပြိုင်ပွဲ၊ သံပြားပစ်ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲနှင့် စကောရွက်ပြိုင်ပွဲတို့ ပါဝင်မှာ ဖြစ်ကြောင်း သိရသည်။

"ပြိုင်ပွဲဝင်ရောက်လိုသူများအနေနဲ့ ပွဲကျင်းပတဲ့နေ့မှာပဲ လာပြီး စာရင်းပေးလို့ရပါတယ်၊ မနက်(၇)နာရီခွဲလောက် လာစာရင်းပေးရင် ပိုကောင်းပါတယ်"ဟု တာချီလိတ်မြို့နယ် အား/ကာမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ အမှတ်တရဆုများ ပေးအပ်ချီးမြှင့်သွားမှာ ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~