ချစ်ကြည်ရေးတံတားပေါ်တွင် တောင်းရမ်းနေသူများ မရှိစေရန်အတွက် မြန်မာဘက်မှ ပူးပေါင်းကူညီပေးရန် ထိုင်းဘက်က TBC အစည်းအဝေးတွင် တောင်းဆို

ချစ်ကြည်ရေးတံတားပေါ်တွင် တောင်းရမ်းနေသူများ မရှိစေရန်အတွက် မြန်မာဘက်မှ ပူးပေါင်းကူညီပေးရန် ထိုင်းဘက်က TBC အစည်းအဝေးတွင် တောင်းဆို
ဖေဖော်ဝါရီ 23, 2016
By Tachileik News Agency

ဖေဖော်ဝါရီလ(၂၂)ရက်နေ့က တာချီလိတ်မြို့တွင် ပြုလုပ်သည့်  (၈၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအဝေးတွင် နယ်စပ်တံတားပေါ်၌ တောင်းရမ်းနေသူများကို ဖယ်ရှားပေးဖို့ တောင်းဆိုသွားကြောင်း သိရသည်။

မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် တောင်းရမ်းစားသောက်သူများကြောင့် လူကုန်ကူးမှု မြောက်စေသကဲ့သို့ ခရီးသွားဧည့်သည်များအဖို့ အမြင်မတော်ဖြစ်စေသည့်အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်နှင့် စစ်ဆေးရေးဂိတ်ပေါက်တစ်ဝိုက်တွင် မရှိစေရေးအတွက် မြန်မာဘက်၏ ပူးပေါင်းကူညီမှုကို ရယူလိုပါကြောင်း ထိုင်းဘက်မှ အဆိုပါ အစည်းအဝေးတွင် တောင်းဆိုသွားခဲ့ခြင်း ဖြစ်သည်။

မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ အစည်းအဝေးကို (၈၅)ကြိမ်မြောက်အဖြစ် တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်တွင် ပြုလုပ်သွားခဲ့ခြင်းဖြစ်ပြီး မြန်မာ - ထိုင်း နှစ်ဖက် အကြီးအကဲများ တက်ရောက်ကာ နယ်စပ်ရေးရာ ကိစ္စများနှင့် ဒေသတွင်း ပြဿနာများ၊ မှုခင်းရေးရာ ကိစ္စများကို အပြန်အလှန် ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။
******************

( unicode )

ဖေဖော်ဝါရီလ(၂၂)ရက်နေ့က တာချီလိတ်မြို့တွင် ပြုလုပ်သည့် (၈၅)ကြိမ်မြောက် မြန်မာ - ထိုင်း မြို့နယ်အဆင့် နယ်ခြားကော်မတီ အစည်းအေဝးတွင် နယ်စပ်တံတားပေါ်၌ တောင်းရမ်းနေသူများကို ဖယ်ရှားပေးဖို့ တောင်းဆိုသွားကြောင်း သိရသည်။

မြန်မာ - ထိုင်း အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် တောင်းရမ်းစားသောက်သူများကြောင့် လူကုန်ကူးမှု မြောက်စေသကဲ့သို့ ခရီးသွားဧည့်သည်များအဖို့ အမြင်မတော်ဖြစ်စေသည့်အတွက် အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်နှင့် စစ်ဆေးရေးဂိတ်ပေါက်တစ်ဝိုက်တွင် မရှိစေရေးအတွက် မြန်မာဘက်၏ ပူးပေါင်းကူညီမှုကို ရယူလိုပါကြောင်း ထိုင်းဘက်မှ အဆိုပါ အစည်းအေဝးတွင် တောင်းဆိုသွားခဲ့ခြင်း ဖြစ်သည်။

မြို့နယ်အဆင့် မြန်မာ - ထိုင်း နယ်ခြားကော်မတီ အစည်းအေဝးကို (၈၅)ကြိမ်မြောက်အဖြစ် တာချီလိတ်မြို့ ဇန်းမွန်အာခါဟိုတယ်တွင် ပြုလုပ်သွားခဲ့ခြင်းဖြစ်ပြီး မြန်မာ - ထိုင်း နှစ်ဖက် အကြီးအကဲများ တက်ရောက်ကာ နယ်စပ်ရေးရာ ကိစ္စများနှင့် ဒေသတွင်း ပြဿနာများ၊ မှုခင်းရေးရာ ကိစ္စများကို အပြန်အလှန် ဆွေးနွေးသွားခဲ့ကြောင်း သိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net