အိန္ဒိယနိုင်ငံ ကန်းပူးလမြို့တွင် နေထိုင်သော မစ်အနိသာ ကုမန်း အသက်(၃၀)နှစ်အရွယ် အမေသည် ၁၆.၁.၂၀၁၆ ရက်နေ့တွင် ယောက်ျားလေးအမွှာမွေးဖွားခဲ့သည်။
ဒါပေမယ့်ကလေးအမွှာရဲ့ ခန္ဓာကိုယ်တစ်ခုတည်းရှိပြီး ဦးခေါင်း(၂)ခုဖြစ်နေတယ် အသက်ရှင်သန်ဖို့အခွင့်အရေးမှာအနည်းငယ်သာရှိတယ်လို့ဆရာဝန်ကပြောသည် ကိုဒေးလီးမေး ဝဘ်ဆိုက်မှဖော်ပြထားသည်။
အမွှာကလေးငယ်မွေးခါစမှာကိုယ်အလေးချိန် ၂၉၅၀ ဂရမ်သာရှိပြီး ခန္ဓာကိုယ်ကပ်နေတယ် နှလုံးနဲ့အဆုတ်တော့အတူသုံးတယ် ကျောရိုးနှင့်ခေါင်းတော့ခွဲသွားတယ် "နှလုံးအရမ်းအားနည်းနေတဲ့အတွက်ကြောင့် ကလေးနှစ်ယောက်လုံး အသက်ရှင်သန်ဖို့အကြောင်းဟာ အင်တန်ခက်ခဲပါတယ်..." ဟုကလေးကိုမွေးပေးတဲ့ဆရာဝန် ရိချိ ကပြောသည်။
အခုတော့ကလေးတွေဆရာဝန်လက်ထဲမှအနီးကပ်စောင့်ရှောက်ပေးထားပါတယ်။
ကလေးမေဘက်ကတော့ သမီး(၂)ယောက်ရှိပြီး ဒီတစ်ယောက်ကိုယ်ဝန်ဆောက်တာ
ယောက်ျားလေးလိုချင်တယ်လို့မျှော်လင့်ထားတယ် ဒါပေမယ့်ကလေးကိုတွေ့တော့ မျှော်လင့်ချက်တွေကြေကွဲသွားပါတယ် ထူးဆန်းတဲ့သတ္တဝါနဲ့တူတယ်လို့ကလေးရဲ့အမေကပြောသည်။
အသက်(၃၅)နှစ်အရွယ် ကလေးအဖေ ဆာထစ် ကုမန်းကအခုလိုပြောပါတယ် "ထိတ်လန့်တုန်လှုပ်ပြီးနှလုံးကြေကွဲစေပါတယ် ကလေးနှစ်ယောက်လုံးမွေးလာတာဒီတိုင်းဖြစ်လာတာ ရက်စက်တဲ့ကံကြမ္မာလို့ပဲအပြစ်တင်ရမှာပေါ့ ဘုရားကကျွန်တော့တို့ကိုစိတ်တိုလို့ အခုလိုအပြစ်ပေးတာဖြစ်မယ် ဆရာဝန်ကအသက်ရှင်သန်နိုင်ဖို့အခွင့်အရေးအနည်းငယ်သာရှိသော်လည်း ကျွန်တော်တို့ကလေးနှစ်ယောက်လုံးကို သက်နိုင်သမျှအကောင်းဆုံး ကြည့်ရှုစောင့်ရှောက်သွားမှာပါ.." လို့သိရပါသည်။
Ref; Dailymail