ရှမ်းပြည်နယ်တောင်ပိုင်းကိုယ်စားပြု Miss Golden Land Shan State (South) 2016 ရွေးချယ်ပွဲအား မတ်လ ၆ ရက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Miss ရွေးချယ်ပွဲဝင်ရမည့် စကာတင် Miss (၁၉) ဦးသည် မတ်လ (၅) ရက်နေ့တွင် ရှမ်းရိုးရာ ဝတ်စုံပြိုင်ပွဲနှင့် Talent Show အား ယှဉ်ပြိုင်ရမည်ဖြစ်သည်။
" ရှမ်းပြည်နယ်က တကယ့်ကိုချောမောလှပပြီး အရည်ချင်းပြည့်ဝတဲ့ Miss တစ်ဦး မြန်မာနိုင်ငံ
ကပေါ်ထွက်ပြီး နိုင်ငံတကာမှာ မြန်မာနိုင်ငံရဲ့ အလှအပတွေကိုပြန်လည်ပြီးတော့ ဖော်ပြနိုင်
အောင်၊ ပြီးတော့ ရှမ်းပြည်နယ်ရဲ့ပရဟိတလုပ်ငန်းတွေကို အကျိုးပြုနိုင်မယ့် မြန်မာအမျိုးသမီးကောင်းတစ်ဦး မွေးထုတ်ပေးချင်တဲ့ရည်ရွယ်ချက်နဲ့ ကျင်းပတာပါ"ဟု Miss Golden Land Shan State (2016) ပြိုင်ပွဲ၏ organizer ဖြစ်သူ ကိုမျိုးမင်းဦးက ပြောသည်။
Miss ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အလှမယ်(၁၉)ဦးတွင် တောင်ကြီးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ကျောင်းသူများလည်းပါဝင်ကြောင်း သိရသည်။
Miss Golden Land Southern Shan State(south)2016 စကာတင်အဖြစ် ရွေးချယ်ခံရသည့် (၁၉)ဦးမှာ နန်းသလင်းကြည်၊လဲ့ဖြိုးဟန်၊ ခက်ခက်ဇာ၊ နန်းရွှေဟန်၊ မေသက်ကျော်၊ မေသဇင်မြင့်၊ ချမ်းမြေ့ရတီ၊ ဇွန်သက်ငုံဖူး၊ နန်းယမင်း၊ နန်းချောအိသိန်း၊ နှင်းနု၊ မေယုံကြည်၊ နန်းမွေလှိုင်း၊ နန်းမွန်းရှဲန်၊ အိန်ဂျယ်၊ မွန်းရှိုင်း၊ ယွန်းမေလုံ၊ ခင်ပန်းမြတ်သွယ်နှင့် သဲဂျူလိုင်မျိုးတို့ဖြစ်ကြသည်။
Miss Golden Land Southern Shan State(south) 2016 အဖြစ် ရွေးချယ်ခံရသူသည် ရန်ကုန်မြို့တွင် ကျင်းပမည့် Miss Golden Land Myanmar 2016 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။