လုပ်အားခငွေ ဘတ်(၃.၄)သန်းရရှိရန် ထိုင်းနိုင်ငံ ချင်းရိုင်းမြို့ရှိ အလုပ်သမားဖူလုံရေးရုံးသို့ မြန်မာရွှေ့ပြောင်း အလုပ်သမားများ ဇန်န၀ါရီလ(၂၇)ရက်နေ့တွင် ဆန္ဒပြတောင်ဆိုခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့ အလုပ်သမား(၁၂၁)ဦးလုံးကို အလုပ်ထုတ်ပြီး လစာမပေးဘူး၊ ကျွန်တော်တို့ရမှာက ဇန်န၀ါရီလ(၁၆)ရက်နေ့အထိ တစ်လစာရယ် ကြိုတင်လစာရယ်၊ နစ်နာကြေးရယ်ရဖို့အတွက် ဆန္ဒပြကြတာပါ"ဟု ဆန္ဒပြရာတွင် ပါဝင်သူ အလုပ်သမားတစ်ဦးမှပြောသည်။
ထိုင်းနိုင်ငံ၊ ချင်းရိုင်းမြို့ရှိ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်သော ပါဖတ်တိုကုမ္ပဏီမှ အလုပ်ဆိုဒ် (၃)ခုမှ ဆောက်လုပ်ရေး အလုပ်သမား(၁၂၁)တို့မှ ဆန္ဒပြခဲ့ခြင်းဖြစ်ကြေင်း၊ ယခု ကုမ္ပဏီမှ အလုပ်ထုတ်ခြင်းခံရသည့်အပြင် အလုပ်သမားများ၏ အလုပ်သမားတန်းလျှားများအား ရေဖြတ်၊ မီဖြတ်များပြုလုပ်ထားသဖြင့် အခက်အခဲများဖြစ်ပေါ်လျှက်ရှိကြောင်း ၎င်းထံမှသိရသည်။
"နောက်အလုပ်တစ်ခု ရှာတဲ့အချိန်မှာ နေဖို့၊ ထိုင်ဖို့၊ စားဖို့ ပိုက်ဆံလိုပါတယ်၊ အဲ့ဒါကြောင့် အခုကျွန်တော်တို့ လုပ်အားခနဲ့ နစ်နာကြေးလိုချင်ပါတယ်၊ အခု ရွှေ့ပြောင် အလုပ်သမား ကူရေးအဖွဲ့တွေကိုအကူအညီတောင်းထားပါတယ်"ဟု အလုပ်သမားတစ်ဦးမှပြောသည်။
ထိုင်းနိုင်ငံမှ ကုမ္ပဏီ ပါရာဖတ်တို့ မှာ ဆောက်လုပ်ရေး အလုပ်ဆိုဒ်(၃)ခုဖြစ်သော စတားအီဝင်းနယူး၊ ဒီဟာမော၊ The pring condominiun အလုပ်ဆိုဒ်များမှ လုပ်အားခငွေကြေးများရရှိခြင်းမရှိသေးခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှသိရသည်။