တာချီလိတ်မြို့တွင် တရုတ်နှစ်သစ်ကူးကာလနီးလာချိန်တွင် ကျပ်ငွေဈေးနှုန်းမြင့်လာ

တာချီလိတ်မြို့တွင် တရုတ်နှစ်သစ်ကူးကာလနီးလာချိန်တွင် ကျပ်ငွေဈေးနှုန်းမြင့်လာ
ဖေဖော်ဝါရီ 7, 2016
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း - မြန်မာနယ်စပ် တာချီလိတ်မြို့တွင် တရုတ်နှစ်သစ်ကူး ကာလအတွင်း ဘတ်ငွေလဲလှယ်သည့် ဈေးနှုန်းတွင် ကျပ်ငွေဈေးနှုန်းမြင့်လာကြောင်း သိရသည်။

"တစ်ပတ်အတွင်း ကျပ်ဈေးက သိသိသာသာ တက်လာတာ။ တရုတ်နှစ်သစ်ကူးကာလရယ် နိုင်ငံရေး အပြောင်းလဲကြောင့်ရယ်၊ ဒေါ်လာဈေးကျသွားတာရယ် အဲဒါနဲ့ပဲ ကျပ်ဈေးကလည်းတက်လာတာပါ ။ မြန် မာ ငွေ က ရှေ့ ဆက်တက်ဖို့ များနေတယ်။ က မ္ဘာ့ရွှေ ဈေးကလည်း ထပ်တက်မယ့်ပုံ ရှိနေတယ်။ NLD အစိုး ရ တစ်ခု ဖွဲ့ နိုင်ဖို့ အခွင့်အလမ်းများ လေလေ ၊ မြန်မာ ငွေ တန်ဘိုး မြင့်ဖို့များ လေ လို့ မြင် ပါ တယ်။ "ဟု တာချီလိတ်ငွေလွှဲဝန်ဆောင်မှုမှ ကိုမိုးဟိန်းကပြောသည်။

၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်အထိ တစ်ပတ်အတွင်း ကျပ်ငွေဈေး တက်သွားခြင်းမှာ ဒေါ်လာငွေလဲသည့်ဈေးနှုန်းကျသွားခြင်းအပေါ်လည်း မူတည်သည်ဟု ကုန်သည်များကဆိုသည်။

ဇန်န၀ါရီလ ၂၉ ရက်က ကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၂၇၇၅) ဘတ်ရှိပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး ကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၂၇၈၀)ဘတ် ဖြင့် ဈေးနှုန်းစတင်မြင့်တက်လာခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျပ်တစ်သိန်းလျှင် ထိုင်းဘတ်ငွေ (၂၈၄၀)ဘတ်အထိရှိကြောင်းသိရသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net