မိုင်းမမြို့တွင် လူခြောက်ဦးသေဆုံးသည့် ဗုံးပေါက်ကွဲမှုနောက်ပိုင်း အလည်အပတ်သွားသူများ လုံခြုံရေး စိုးရိမ်နေ

မိုင်းမမြို့တွင် လူခြောက်ဦးသေဆုံးသည့် ဗုံးပေါက်ကွဲမှုနောက်ပိုင်း အလည်အပတ်သွားသူများ လုံခြုံရေး စိုးရိမ်နေ
ဇန်နဝါရီ 14, 2016
By Tachileik News Agency

ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ တရုတ်နိုင်ငံနယ်စပ် မိုင်းလားမြို့နှင့် (၁၀)ကီလိုအကွာ မိုင်းမမြို့တွင် ဇန်န၀ါရီ (၇)ရက်နေ့က ဗုံးပေါက်ကွဲမှုကြောင့် လူ(၆)ဦးသေဆုံးခဲ့ပြီးနောက် မိုင်းလားဒေသဘက်သို့ အလည်အပတ် သွားမည့်သူများ လုံခြုံရေးစိုးရိမ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။

"လောင်းကစားဝိုင်းမှာ ဗုံးပေါက်တာလို့ကြားတယ်။ ကျိုင်းတုံက အလုပ်သွားလုပ်တဲ့ ကောင်မလေး တစ်ယောက်လည်း ပါတယ်။ ဒါ့ကြောင့် အခု မိုင်းလားသွားလည်မယ့် ထိုင်းလူမျိုးတွေတောင် ဒီသတင်းကြားပြီး ကြောက်နေကြတယ်"ဟု  ခရီးသွားဧည့်လမ်းညွှန် ကိုစတီဗင်က ပြောသည်။

MNDAA တပ်ဖွဲ့ပိုင် အထူးဒေသ(၄)အတွင်း လောင်းကစားဝိုင်း(ကာစီနို)ရုံများ အများအပြားရှိရာ တရုတ်နိုင်ငံသားများ လာရောက် ဆော့ကစားလေ့ရှိပြီး ယခုဗုံးပေါက်ကွဲသည့် ကိစ္စသည် လောင်းကစားငွေ အကြွေးကိစ္စနှင့် ပတ်သက်နိုင်ကြောင်း ဒေသခံများက ခန့ှ်မှန်းပြောဆိုနေကြသည်။

"အခုဗုံးပေါက်တဲ့ နေရာက လောင်းကစားဝိုင်း (ကာစီနိုရုံ)တွေ အဓိကဖွင့်တဲ့ မြို့လေးပါ။ ဒီဒေသကို မြန်မာအစိုးရ အာဏာပိုင်တွေလာတာလည်း မရှိပါဘူး။ အထူးဒေသ(၄)က လူတွေပဲ အုပ်ချုပ်တာ။ သူတို့ ရဲ၊ သူတို့ တပ်နဲ့ အုပ်ချုပ်တဲ့နေရာပါ.."ဟု မိုင်းလားဒေသခံတစ်ဦးက ပြောသည်။

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net