၂၀၁၃ခုနှစ် မတ်လ(၈)ရက်နေ့ ည(၇း၄၅)နာရီက မဇ္ဈိမ လူမှုကူညီရေးအသင်း၏ လစဉ်ပုံမှန်အစည်းအဝေးကို ပြုလုပ်ခဲ့ကြပါသည်။
အစည်းအဝေးတွင် မဇ္ဈိမ လူမှုကူညီရေးအသင်း၏ ဥက္ကဌ ဦးတင့်ဆွေ အပါအ၀င် အသင်းသူ အသင်းသား (၃၆)ဦး တက်ရောက်လာခဲ့ကြပြီး အသင်း၏ လုပ်ဆောင်ချက်များဖြစ်တဲ့ နာရေးကူညီခြင်းကိစ္စ၊ ကျန်းမာရေးဆေးဝါကုသရန်အတွက် ထောက်ပံ့ခြင်းကိစ္စ၊ အသင်းသူ/သားများ စည်းကမ်းရှိစေရေးကိစ္စ၊ နဲ့ ရှေ့လုပ်ဆောင်ကြမဲ့ လုပ်ငန်းစဉ်များကို ချပြဆွေးနွေး တိုင်ပင်ခဲ့ကြတာဖြစ်ပါသည်။
မဇ္ဈိမ လူမှုကူညီရေးအသင်း၏ ဥက္ကဌ ဦးတင့်ဆွေ မှ အသင်းသူ/သားများအား " မဇ္ဈိမလူမှုကူညီရေးအသင်းသည် မိမိအတွက် မဖြစ်စေရ၊ မိမိသည် မဇ္ဈိမ လူမှုကူညီရေးအသင်းအတွက်သာ ဖြစ်စေရမည်.. ဆိုတဲ့အတိုင်း ခံယူကျင့်ကြံနေထိုင်သွားဖို့ လိုကြောင်း၊ အသင်းသားများအနေနဲ့ အသင်းမှာ ထူးခြားပြောင်မြောက်လှတဲ့ လုပ်ဆောင်ချက်များကို ပြန့်ကြားရေးက မှတ်သားထားစေပြီး အသင်း၏ နှစ်ပတ်လည်များမှာ ထူးချွန်ဆုများ ပေးအပ်ဖို့ ရည်ရွယ်ထားကြောင်း၊ အသင်းသားများ အချင်းချင်းလည်း ချစ်ချစ်ခင်ခင် နေကြဖို့၊ မကျေနပ်တာရှိက တိုက်ရိုက်ပြောဆိုဖို့၊ အသင်းဝင်၍ နေပျော်စေရမည့် ပုံစံမျိုးဖြစ်အောင် ကျင့်ကြံဖို့ စသည့် တို့ကို ပြောကြားသွားပါသည်။
ဆက်လက်ပြီးနောက် အသင်း၏ လစဉ် ငွေစာရင်းရှင်းတမ်းများကို ဖတ်ကြားခဲ့ကြပြီး အသင်းသားများမှလည်း လိုအပ်ချက်များကို အကြံပြုဆွေးနွေးကာ အစည်းအဝေးကို ပြီးမြောက်စေခဲ့ကြပါသည်။