ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် ယခင်နှစ်ထက် ကျောင်းသား၊ကျောင်းသူ ဦးရေပိုမိုများပြားလာ

ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် ယခင်နှစ်ထက် ကျောင်းသား၊ကျောင်းသူ ဦးရေပိုမိုများပြားလာ
ဖေဖော်ဝါရီ 2, 2016
By Tachileik News Agency

ဝင်ခွင့်ပုံစံပြောင်းလဲလာခြင်းကြောင့် ကျိုင်းတုံနည်းပညာတက္ကသိုလ် တက်ရောက်သည့် ကျောင်းသားများ ယခင်နှစ်ထက် ပိုမိုများပြားလာကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

" ဒီနှစ်မှာကျနော်တို့ အမှတ်ကိုအဓိကမကြည့်ဘဲနဲ့ မေဂျာတစ်ခုကို လူ၄၀နှူန်းနဲ့ခေါ်လိုက်တာပါ။ ဒါကြောင့် သင်တန်းသားတွေများလာတာပါ"ဟု ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဒေါက်တာဦးကျော်သာထွန်းမှ ပြောသည်။

၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် ကျိုင်းတုံနည်းပညာတ္ကသိုလ်မှ ကျောင်းသား ကျောင်းသူ ဦးရေက အတန်းစုံ(၂၁၅)ဦးရှိပြီး ယခု ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် (၃၆၈)ဦးထိ တိုးတက်လာကြောင်း၊ ကျောင်းသားဦးရေ တိုးလာခြင်း အကြောင်းအရင်းမှ ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်ပုံစံတွေပြောင်းလဲ ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းမှ ပြောသည်။

ကျိုင်းတုံနည်းပညာတက္ကသိုလ်တွင် အရာထမ်း၊ အမှူထမ်းစုစုပေါင်း(၈၇)ဦးရှိပြီး ဆရာ၊ဆရာမအင်အား ၄၈ဦးရှိကြောင်းနှင့် Civil Engineering၊ Mechanical Power၊ Electrical Powerနှင့် Electronic Communication ဟူ၍ဌာနလေးခုဖြင့် သင်ကြားပေးလျှက်ရှိပြီး ဘွဲ့အပ်နှင်းမှုမှာ အချိန်ကာလအားဖြင့် (၆)နှစ်ကြာမြင့်မည်ဖြစ်ကြောင်း ကျောင်းတာဝန်ရှိသူများထံမှသိရသည်။

ယနေ့အချိန်ထိ ကျိုင်းတုံနည်းပညာတက္ကသိုလ်မှ ဘွဲ့ရဦးရေ (၁၂၇၈)ရှိနေပြီဖြစ်ပြီး၊ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ(၇)ရက်နေ့တွင် ကျောင်းသား၊ကျောင်းသူ (၇၄)ဦးအား ဘွဲ့များအပ်နှင်းမည်ဖြစ်ကြောင် သိရသည်။

ရှမ်းပြည်နယ်အရှ့ပိုင်းတွင်ရှိ တစ်ခုတည်းသော ကျိုင်းတုံ နည်းပညာတက္ကသိုလ်အား (၇.၁.၁၉၉၉)မှစတင်ကာ အစိုးရစက်မှူလက်မှူသိပ္ပံကျောင်း အဖြစ်စတင်ဖွင့်လှစ်ခဲ့ပြီး (၁၀.၉.၂၀၁၀)တွင် အစိုးရနည်းပညာကောလိပ်အဖြစ် ရပ်တည်ခဲ့ရာ(၂၀.၁.၂၀၀၇)မှစတင်၍ နည်းပညာတ္ကသိုလ် အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

 #TachileikNewsAgency#TachileikOnlineNewswww.tachileik.net