ကျိုင်းတုံ - မိုင်းဖြတ် ပြည်ထောင်စုလမ်းမပေါ်၌ နမ့်လုံချောင်းအတွင်း ယာဉ်ထိုးကျတိမ်းမှောက်မှုဖြစ်ပွား

ကျိုင်းတုံ - မိုင်းဖြတ် ပြည်ထောင်စုလမ်းမပေါ်၌ နမ့်လုံချောင်းအတွင်း ယာဉ်ထိုးကျတိမ်းမှောက်မှုဖြစ်ပွား
ဇန်နဝါရီ 3, 2017
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်၊ တာကျောက်ကျေးရွာအနီး ၊ ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စု လမ်းမ၊ မိုင်တိုင် (၆၉၀) နှင့် (၆၉၁) အကြားတွင် ဇန်နဝါရီလ ၃ ရက်၊ နေ့လယ် (၁၂)နာရီခန့်က ကျိုင်းတုံမှ မိုင်းဖြတ်သို့ ယာဉ်မောင်း ဦးယောနစံ မောင်းနှင်လာသော ယာဉ်အမှတ် 3G/2017 သည် အရှိန်မထိန်းနိုင်၍ လမ်းဘေးရှိ နမ့်လုံချောင်းထဲသို့ထိုးကျတိမ်းမှောက်သွားကြောင်း သိရသည်။

ဦးအောင်စိုးမိုးတို့မိသားစု (၅)ဦးသည် ကျိုင်းတုံမှ မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာသို့ အပြန်ခရီး၌ တိမ်းမှောက်ခဲ့ရခြင်း ဖြစ်ကြောင်းသိရပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ဦးအောင်စိုးမိုးနှင့် ဇနီးဒေါ်မြင့်မြင့်တင် ၊ သားဖြစ်သူနှင့် ယာဉ်မောင်းဦးယောနစံ (စိုးရိမ်ရ)တို့ (၄)ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြပြီး (၃)နှစ်အရွယ် သမီးငယ်မှာ ထိခိုက်ဒဏ်ရာ မရှိဘဲ သမီးဖြစ်သူ ၆ နှစ်အရွယ်ကလေးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်ဖြစ်ရာသို့ မိုင်းဖြတ်မြို့မှရဲတပ်ဖွဲ့ဝင်များ၊မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သင်္ဂဟလူမှုကူညီရေးအသင်း၊ ဒေသခံများက ကယ်ဆယ်ရေးလုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဒဏ်ရာရရှိထားသူများအား ဆေးဝါး ကုသခံယူနိုင်ရန်အတွက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးကာ ပျောက်ဆုံးနေသော (၆)နှစ်အရွယ်ကလေးငယ်အား ပြန်လည်တွေ့ရှိနိုင်ရေး အတွက် ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။

~~~~~~~~⊰❂ unicode ~~~~~~~~
1အအ
 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~