ကုန်စည်ဒိုင်အသင်းဝင်များက မကွေးမြို့ပေါ်ရပ်ကွက်(၄)ခုရှိ ဝင်ငွေနည်းအိမ်ထောင်စု (၆၀၀)ကျော်အတွက် ရိက္ခာများ ထောက်ပံ့

ကုန်စည်ဒိုင်အသင်းဝင်များက မကွေးမြို့ပေါ်ရပ်ကွက်(၄)ခုရှိ ဝင်ငွေနည်းအိမ်ထောင်စု (၆၀၀)ကျော်အတွက် ရိက္ခာများ ထောက်ပံ့
ဧပြီ 29, 2020
By Tachileik News Agency
ကုန်စည်ဒိုင်အသင်းဝင်များက မကွေးမြို့ပေါ်ရပ်ကွက်(၄)ခုရှိ ဝင်ငွေနည်းအိမ်ထောင်စု (၆၀၀)ကျော်အတွက် ရိက္ခာများ ထောက်ပံ့

မကွေးမြို့ ကုန်စည်ဒိုင်အသင်းဝင်များက မြို့ပေါ်ရပ်ကွက်(၄)ခုရှိ ဝင်ငွေနည်းအိမ်ထောင်စု (၆၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်သွန်၊ ဆပ်ပြာ များကို ၂၀၂၀ ခုနှစ်၊ ဧပြီလ(၂၉)ရက်နေ့တွင် ထောက်ပံ့ဝေငှသည်။

COVID-19 ကာလက အချိန်ကြာလာတာနဲ့အမျှ ဝင်ငွေနည်းမိသားစုတွေမှာ စားသောက်ရေး အခက် အခဲတွေရှိလာနိုင်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း တတ်နိုင် တဲ့ပြည်သူတွေက လိုအပ်တဲ့နေရာတွေမှာ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းထားတယ်။  ဒါ့ကြောင့် မြို့ပေါ် ရပ်ကွက် (၄)ခုက ဝင်ငွေနည်းအိမ်ထောင်စု (၆၃၅) စုကို တစ်နိုင်တစ်ပိုင်ထောက်ပံ့ဖို့ စီစဉ်ဆောင်ရွက်ကြတာပါ

ဟု မကွေးတိုင်းကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးဖိုးနီက တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။

မကွေးမြို့ပေါ်ရှိ ဝင်ငွေနည်းအိမ်ထောင်စုအများဆုံးရှိနေသော အောင်ရတနာရပ်ကွက်မှ  အိမ်ထောင်စု (၁၀၀)၊ အောင်ချမ်းသာရပ်ကွက်မှ အိမ်ထောင်စု(၁၀၀)၊ အောင်မင်္ဂလာရပ်ကွက်မှ အိမ်ထောင်စု (၁၃၅) စု၊ အောင်မေတ္တာရပ်ကွက်မှ အိမ်ထောင်စု(၃၀၀) တို့အတွက် တစ်စုလျှင် ကျပ်(၆,၁၀၀) တန်ဘိုးရှိသည့် ဆန်၊ ဆီ၊ ကြက်သွန်၊ ကုလားပဲ၊ ပဲထောပတ်နှင့် ဆပ်ပြာထုတ်၊ စုစုပေါင်း ကျပ်(၃,၈၇၃,၅၀၀) ဖိုး ကို အိမ်ထောင်စုဝင်များလက်ဝယ်အရောက် ပေးဝေခြင်းဖြစ်ကြောင်း သိရသည်။

နေအိမ်များအရောက် စားနပ်ရိက္ခာဖြန့်ဝေပေးခြင်းကို ကုန်စည်ဒိုင်အသင်းဝင် လုပ်ငန်းရှင်များနှင့်အတူ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုရေး ပရဟိတအဖွဲ့အစည်းများက လိုက်ပါကူညီပေးသည့်အပြင် Mask များကို ပေးဝေကြကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ - ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~