တာလေ - ကျိုင်းလပ်သွား လမ်းပေါ်တွင် ယာဉ်တစ်စီး၏ တိုက်မိမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်

တာလေ - ကျိုင်းလပ်သွား လမ်းပေါ်တွင် ယာဉ်တစ်စီး၏ တိုက်မိမှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ယာဉ်မှာ ထွက်ပြေးတိမ်းရှောင်
မတျ 18, 2018
By Tachileik News Agency

တာချီလိတ်ခရိုင်၊ တာလေမြို့တွင် မတ်လ(၁၇)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာနေချိန်   ယာဉ်တစ်စီး၏ တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားပြီး ယာဉ်မှာထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ် မတ်လ(၁၇)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က မိုးထည်းထန်စွာရွာသွန်းနေချိန် တာလေ - ကျိုင်းလပ်သွား လမ်းမကြီးပေါ်တွင် တာလေဘုန်းကြီးကျောင်းမှ နေအိမ်သို့ လမ်းလျှောက်ပြန်လာသည့် ဦးကိုကိုနိုင် (ခ) ဦးငယ်အား Vigo ကား အဖြူရောင်မှာ အနောက်မှ အရှိန်ပြင်းစွာ တိုက်မိရာမှ အခင်းဖြစ်ပွားရာနေရာတွင် ဦးကိုကိုနိုင် (ခ) ဦးငယ်မှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်​၍ သက်ဆိုင်ရာမှ ယာဉ်မောင်းသူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက် ရှိကြောင်းနှင့် နားရေးကိစ္စများအတွက် တာလေမြို့မှ လောကပါလ ပရဟိတ လူမှုကူညီရေး အင်အားစုအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်ခရိုင်၊ တာလမြေို့တွင် မတ်လ(၁၇)ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာနေချိန် ယာဉ်တစ်စီး၏ တိုက်မိမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားပြီး ယာဉ်မှာထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၈ခုနှစ် မတ်လ(၁၇)ရက်နေ့ ည(၇)နာရီဝန်းကျင်အချိန်က မိုးထည်းထန်စွာရွာသွန်းနေချိန် တာလေ - ကျိုင်းလပ်သွား လမ်းမကြီးပေါ်တွင် တာလေဘုန်းကြီးကျောင်းမှ နေအိမ်သို့ လမ်းလျှောက်ပြန်လာသည့် ဦးကိုကိုနိူင် (ခ) ဦးငယ်အား Vigo ကား အဖြူရောင်မှာ အနောက်မှ အရှိန်ပြင်းစွာ တိုက်မိရာမှ အခင်းဖြစ်ပွားရာနေရာတွင် ဦးကိုကိုနိူင် (ခ) ဦးငယ်မှ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားပြီးနောက် Vigo ကား အဖြူရောင်မှာ အရှိန်ပြင်းစွာဖြင့် တာလေဘက်မှ မိုင်းလင်းဘက်သို့ မောင်း၍ ထွက်ပြေးသွားရာ တာလေ နှင့် မိုင်းလင်းတို့ရှိ ရဲတပ်ဖွဲ့များနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့မှ ပူးပေါင်းရှာဖွေရာ အဆိုပါ ယာဉ်နှင့်ယာဉ်မောင်းအား ရှာဖွေတွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်​၍ သက်ဆိုင်ရာမှ ယာဉ်မောင်းသူအား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေလျက် ရှိကြောင်းနှင့် နားရေးကိစ္စများအတွက် တာလမြေို့မှ လောကပါလ ပရဟိတ လူမှုကူညီရေး အင်အားစုအဖွဲ့မှ ကူညီဆောင်ရွက်ပေးနေကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - လောကပါလ ပရဟိတ လူမှုကူညီရေး အင်အားစုအဖွဲ့(တာလေ) 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~