တာခ်ီလိတ္ၿမိဳ႕တြင္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုး

တာခ်ီလိတ္ၿမိဳ႕တြင္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုး
ဇန်နဝါရီ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္းေဒသ၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ရွင္း(၂)တြင္ လူငယ္တစ္ဦး ႀကိဳးဆြဲခ်ေသဆံုးမႈ ျဖစ္ပြားေၾကာင္း သိရသည္။

ႀကိဳးဆြဲခ်ေသဆံုးသူသည္ အသက္(၂၃)ႏွစ္ရွိ အားဒရယ္ျဖစ္ၿပီး ၎သည္ ေနအိမ္အတြင္းရွိ အိပ္ခန္း၏ ထုတ္တန္းေပၚတြင္ ႏိုင္လြန္ႀကိဳးအေသးအား အသံုးျပဳကာ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

"သူ႔အေမက ထိုင္းမွာေနတယ္လို႔ ေျပာတယ္၊ ေဘးက လူေတြ ေျပာတာကေတာ့ မဂၤလာမေဆာင္ေပးလို႔ အခုလို လုပ္တာလို႔ ေျပာၾကတာပဲ၊  အေလာင္းကို ေဆးစစ္ခ်က္ေတြ ျပဳလုပ္ႏုိင္ဖို႔ ကြ်န္ေတာ္တို႔ ရင္ခြဲရံုကို ပို႔ေပး ထားၿပီးေတာ့၊ စစ္ေဆးၿပီးတာနဲ႔ ကြ်န္ေတာ္တို႔ ရြာကို ျပန္သယ္ၿပီး ပို႔ေပးခဲ့ပါတယ္"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔မွ စစ္ေဆးမႈမ်ား ေဆာင္ရြက္ကာ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းျဖင့္ အမႈဖြင့္လွစ္ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ဓာတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ရှင်း(၂)တွင် လူငယ်တစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးသူသည် အသက်(၂၃)နှစ်ရှိ အားဒရယ်ဖြစ်ပြီး၎င်းသည် နေအိမ်အတွင်းရှိ အိပ်ခန်း၏ ထုတ်တန်းပေါ်တွင် နိုင်လွန်ကြိုးအသေးအား အသုံးပြုကာ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

"သူ့အမေက ထိုင်းမှာနေတယ်လို့ ပြောတယ်၊ ဘေးက လူတွေ ပြောတာကတော့ မင်္ဂလာမဆောင်ပေးလို့ အခုလို လုပ်တာလို့ ပြောကြတာပဲ၊ အခုလောလောဆယ်တော့ ကျွန်တော်တို့ ရင်ခွဲရုံကို ပို့ပေး ထားတယ်။"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများ ဆောင်ရွက်ကာ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းဖြင့် အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~