ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးစခန္းတြင္ ဇန္နဝါရီလ ၁၆ ရက္ နံနက္ ၁၀ နာရီခြဲ၀န္းက်င္က ေထာ္လာဂ်ီတစ္စီးအား စစ္ေဆးရာ ယာဥ္ေမာင္း၏ အက်ႌအိတ္အတြင္းမွ က်ပ္တစ္သိန္းေက်ာ္တန္ဖိုးရိွ စိတ္ၾကြေဆးမ်ား ဖမ္းဆီးရမိေၾကာင္း သိရသည္။
မူးယစ္တပ္ဖြဲ႕စု(၃၀)တာခ်ီလိတ္ ပါ၀င္သည့္ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆုိင္ရာပူးေပါင္းအဖြဲ႔မွ အဆိုပါဂိတ္တြင္ စစ္ေဆးမႈမ်ားျပဳလုပ္ေနစဥ္ တာခ်ီလိတ္မွ မိုင္းဆတ္သို႔ ကိုကိုဦး ေမာင္းႏွင္လာသည့္ ေထာ္လာဂ်ီအား စစ္ေဆးရာ ကိုကိုဦး၏ အက်ႌအိတ္အတြင္းမွ Wy စာတမ္္းပါ စိတ္ၾကြေဆးျပား (၈၈)ျပားအား သက္ေသမ်ားေရွ႕တြင္ ဖမ္းဆီီးရမိေၾကာင္း သိရသည္။
မူးယစ္ေဆးဝါးမ်ားနွင့္အတူ စစ္ေဆးေတြ႕ရိွရသည့္ အသက္ (၃၁)ႏွစ္အရြယ္ ကိုကိုုဦး၊ အဆိုပါ ေထာ္လာဂ်ီတြင္ စီးနင္းလာသည့္ အသက္ (၄၀)အရြယ္ ေအာင္စိုးသိန္းတို႔အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၄/၂၀၁၇၊ မူး/စိတ္ပုဒ္မ ၁၅/၁၉(က)၂၁ အရ အမႈဖြင့္ေဆာင္ရြက္ေနေၾကာင္း သိရသည္။
မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့မှ အဆိုပါဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေစဉ် တာချီလိတ်မှ မိုင်းဆတ်သို့ ကိုကိုဦး မောင်းနှင်လာသည့် ထော်လာဂျီအား စစ်ဆေးရာ ကိုကိုဦး၏ အင်္ကျီအိတ်အတွင်းမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၈၈)ပြားအား သက်သေများရှေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ စစ်ဆေးတွေ့ရှိရသည့် အသက် (၃၁)နှစ်အရွယ် ကိုကိုဦး၊ အဆိုပါ ထော်လာဂျီတွင် စီးနင်းလာသည့် အသက် (၄၀)အရွယ် အောင်စိုးသိန်းတို့အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ) ၄/၂၀၁၇၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)၂၁ အရ အမှုဖွင့်ဆောင်ရွက်နေကြောင်း သိရသည်။