ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်တွင် တာချီလိတ်ဘယ်သို့ သွယ်တန်းထားသည့် CT/VT ပါဝါမီးလိုင်း ကြံခိုင်ရေးပြုပြင်ထိန်းသိမ်းရန်ရှိသည့်အတွက် ၂၀၁၇ခုနှစ် ဇန်န၀ါရီလ(၂၃)ရက်နေ့ နံနက်ပိုင်းမှ နေ့လယ်ပိုင်းအချိန်ထိ တာချီလိတ်မြို့တွင်း ပိုင်းတွင် လျှပ်စစ်မီး ခေတ္တဖြတ်တောက်ထားမှာ ဖြစ်ကြောင်း တာချီလိတ်မြို့ မီးလင်းရေးမှ သိရသည်။
လျှပ်စစ်မီးလုပ်ငန်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်နေစဉ် အန္တရာယ်ကင်းစေရန် ၂၀၁၇ခုနှစ် ဇန်နဝါရီလ(၂၃)ရက်နေ့တွင် မြန်မာစံတော်ချိန် နံနက်(၈)နာရီခွဲမှ နေ့လယ်(၁)နာရီဝန်းကျင်အထိ တာချီလိတ်မြို့ လွယ်တော်ခမ်းကျေးရွာအုပ်စုမှ မြို့တွင်းရပ်ကွက်ဖြစ်သည့် မယ်ခေါင်ရပ်ကွက်အထိ အပြင် ပန်စလိကျေးရွာအထိ နေ့တစ်ပိုင်း ဖြတ်တောက်မှာ ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်မီး ဖြတ်တောက်ချိန် အချိန်နာရီအား နေ့လယ်(၁)နာရီအထိ သတ်မှတ်ထားသော်လည်း လုပ်ငန်းဆောင်ရွက်ချိန် ဆောလျင်စွာ ပြီးပါက စောစောပြန်လည်၍ လွှတ်ပေးမှာ ဖြစ်ကြောင်းလည်း သိရှိရသည်။