တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ စည္ပင္နယ္နမိတ္က်ဴးေက်ာ္မ်ားအား ရွင္းလင္းမည္

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ စည္ပင္နယ္နမိတ္က်ဴးေက်ာ္မ်ားအား ရွင္းလင္းမည္
ဇန်နဝါရီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားတြင္ လမ္းေဘးစည္ပင္နယ္နိမိတ္အတြင္း က်ဴးေက်ာ္ဆိုင္မ်ားႏွင့္ က်ဴးေက်ာ္ပစၥည္းမ်ားအား ဖယ္ရွားသြားေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

"ကြ်န္ေတာ္တို႔ ပထမဆံုးအေနနဲ႔ ၀မ္ေကာင္းရပ္ကြက္ကို လုပ္သြားမွာပါ။ အဲဒါၿပီးရင္ မကာဟိုခမ္းရပ္ကြက္၊ တာေလာ့ရပ္ကြက္ တစ္ခုစီလုပ္သြားမွာပါ။ အခုေလာေလာဆယ္ ကြ်န္ေတာ္တို႔ လိုက္ၿပီးသတိေပးတယ္။ သတိေပးၿပီး (၃)ရက္လြန္လို႔မွ မဖယ္ရွားရင္ စည္ပင္သာယာေရးဥပေဒနဲ႔ အေရးယူသြားမွာပါ"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္ႏိုင္က ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္မ်ားအတြင္း လမ္းေဘးႏွစ္ဖက္လံုးရွိ က်ဳးေက်ာ္ဆိုင္မ်ားႏွင့္ လမ္းနယ္ နိမိတ္အတြင္း က်ဴးေက်ာ္ေရာင္းခ်ေနေသာ ေစ်းဆိုင္ႏွင့္ ပစၥည္းမ်ားအား ဖယ္ရွားေပးရန္ တာခ်ီလိတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနႏွင့္ တာ၀န္ရွိသူမ်ားက လိုက္လံအသိေပးျခင္းႏွင့္ ဖယ္ရွားျခင္းကို ရပ္ကြက္အလုိက္ လုပ္ေဆာင္ေနျခင္းျဖစ္သည္။

"လူသြားလမ္းေပၚ နဲ႔ ပလက္ေဖာင္းေတြေပၚမွာ ဆိုင္းဘုတ္ေတြ၊ လမ္းပိတ္ေစတဲ့ ပစၥည္းေတြ ထားရွိတယ္ဆိုရင္ စည္ပင္သာယာေရးဥပေဒအရ ဒါဏ္ရိုက္တာေတြ၊ ထားရွိထားတဲ့ ဆိုင္းဘုတ္ေတြကို သိမ္းတာေတြလုပ္သြားၿပီး အေရးယူေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ဦးစီးအရာရွိ ဦးေက်ာ္ႏိုင္က ေျပာသည္။

ဝမ္ေကာင္းရပ္ကြက္မွာ က်ဴးေက်ာ္ေစ်းဆိုင္မ်ားနွင့္ ပစၥည္းမ်ား ဖယ္ရွားျခင္းအား ဇန္န၀ါရီလ(၅)ရက္ေန႔ ကတည္းက ေဆာင္ရြက္ခဲ့ၿပီး ရပ္ကြက္မ်ားအလုိက္ ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

"တစ္ဖက္ထိုင္းႏိုင္ငံထဲမွာ ျမန္မာႏိုင္ငံသားေတြ ေစ်းသြားေရာင္းရင္ မယ္ဆိုင္စည္ပင္ရဲ႕ သတ္မွတ္ခ်က္ေတြကို ကိုယ့္ျမန္မာေတြက လိုက္နာၾကတယ္။ ဒီေနရာမွာ မေရာင္းန႔ဲ။ ဒီေနရာမွာ အမႈိက္မပစ္နဲ႔ဆိုရင္ လိုက္နာတယ္။ ဒါေပမဲ့ ျမန္မာဘက္(တာခ်ီလိတ္ဘက္)လည္း ျပန္ေရာက္ေရာ စည္းကမ္းလိုက္နာမႈေတြ ေလ်ာ့သြားတယ္။ တဖက္မွာလည္း စည္းကမ္းလိုက္နာခဲ့သလို ကိုယ့္ျမန္မာအခ်င္းခ်င္း ကိုယ္ေဒသရဲ႕စည္းကမ္းကိုလည္း ေလးစားလိုက္နာေစခ်င္တယ္"ဟု တာခ်ီလိတ္ေဒသခံ ကိုစိုင္းထြန္းေနာင္က ေျပာသည္။

ပုန္းထြန္ရပ္ကြက္မွ ေလယာဥ္ကြင္းအနီးရွိ ေဆခမ္းရပ္ကြက္အထိ တာခ်ီလိတ္ၿမိဳ႕ေပၚရပ္ကြက္ (၁၁)ခုတြင္ တာခ်ီလိတ္ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနႏွင့္ သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးမ်ား ပူေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ကိုေဇာင္း

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် လမ်းဘေးစည်ပင်နယ်နိမိတ်အတွင်း ကျူးကျော်ဆိုင်များနှင့် ကျူးကျော်ပစ္စည်းများအား ဖယ်ရှားသွားတော့မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ပထမဆုံးအနေနဲ့ ဝမ်ကောင်းရပ်ကွက်ကို လုပ်သွားမှာပါ။ အဲဒါပြီးရင် မကာဟိုခမ်းရပ်ကွက်၊ တာလော့ရပ်ကွက် တစ်ခုစီလုပ်သွားမှာပါ။ အခုလောလောဆယ် ကျွန်တော်တို့ လိုက်ပြီးသတိပေးတယ်။ သတိပေးပြီး (၃)ရက်လွန်လို့မှ မဖယ်ရှားရင် စည်ပင်သာယာရေးဥပဒေနဲ့ အရေးယူသွားမှာပါ"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း လမ်းဘေးနှစ်ဖက်လုံးရှိ ကျုးကျော်ဆိုင်များနှင့် လမ်းနယ် နိမိတ်အတွင်း ကျူးကျော်ရောင်းချနေသော ဈေးဆိုင်နှင့် ပစ္စည်းများအား ဖယ်ရှားပေးရန် တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနနှင့် တာဝန်ရှိသူများက လိုက်လံအသိပေးခြင်းနှင့် ဖယ်ရှားခြင်းကို ရပ်ကွက်အလိုက် လုပ်ဆောင်နခြေင်းဖြစ်သည်။

"လူသွားလမ်းပေါ် နဲ့ ပလက်ဖောင်းတွေပေါ်မှာ ဆိုင်းဘုတ်တွေ၊ လမ်းပိတ်စေတဲ့ ပစ္စည်းတွေ ထားရှိတယ်ဆိုရင် စည်ပင်သာယာရေးဥပဒေအရ ဒါဏ်ရိုက်တာတွေ၊ ထားရှိထားတဲ့ ဆိုင်းဘုတ်တွေကို သိမ်းတာတွေလုပ်သွားပြီး အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးကျော်နိုင်က ပြောသည်။

ဝမ်ကောင်းရပ်ကွက်မှာ ကျူးကျော်ဈေးဆိုင်များနှင့် ပစ္စည်းများ ဖယ်ရှားခြင်းအား ဇန်နဝါရီလ(၅)ရက်နေ့ ကတည်းက ဆောင်ရွက်ခဲ့ပြီး ရပ်ကွက်များအလိုက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"တစ်ဖက်ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံသားတွေ ဈေးသွားရောင်းရင် မယ်ဆိုင်စည်ပင်ရဲ့ သတ်မှတ်ချက်တွေကို ကိုယ့်မြန်မာတွေက လိုက်နာကြတယ်။ ဒီနေရာမှာ မရောင်းနဲ့။ ဒီနေရာမှာ အမှိုက်မပစ်နဲ့ဆိုရင် လိုက်နာတယ်။ ဒါပေမဲ့ မြန်မာဘက်(တာချီလိတ်ဘက်)လည်း ပြန်ရောက်ရော စည်းကမ်းလိုက်နာမှုတွေ လျော့သွားတယ်။ တဖက်မှာလည်း စည်းကမ်းလိုက်နာခဲ့သလို ကိုယ့်မြန်မာအချင်းချင်း ကိုယ်ဒေသရဲ့စည်းကမ်းကိုလည်း လေးစားလိုက်နာစေချင်တယ်"ဟု တာချီလိတ်ဒေသခံ ကိုစိုင်းထွန်းနောင်က ပြောသည်။

ပုန်းထွန်ရပ်ကွက်မှ လေယာဉ်ကွင်းအနီးရှိ ဆေခမ်းရပ်ကွက်အထိ တာချီလိတ်မြို့ပေါ်ရပ်ကွက် (၁၁)ခုတွင် တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ကိုဇောင်း

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~