တာချီလိတ်မြို့အ၀င် သဗ္ဗညု ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်တင်လှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ

တာချီလိတ်မြို့အ၀င် သဗ္ဗညု ဆုတောင်းပြည့်စေတီတော် ရွှေထီးတော်တင်လှူပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပ
ဇန်နဝါရီ 1, 2017
By Tachileik News Agency

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့အ၀င်တွင် တည်ထားပြီးစီးသည့် သဗ္ဗညုဆုတောင်းပြည့် စေတီတော်အား စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော် တင်လှူခြင်း အခမ်းအနားကို ဇန်န၀ါရီလ(၁)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က ကျင်းပပြုလုပ်သည်။

ရွှေထီးတော် တင်လှူခြင်း အခမ်းအနားသို့ တာချီလိတ်မြို့ နဂါးနှစ်ကောင်ကျောင်းတိုက်မှ နိုင်ငံတော် သြ၀ါဒါစရိယ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ Honorary Ph.D. နဂါးနှစ်ကောင် ဆရာတော် ဘုရားကြီး "ဘဒ္ဒန္တဓမ္မသီရိ"၊ မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဥာဏသံဝရ၊ နှင့် မိုင်းလင်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ၀ိမလ အပါအ၀င် ပင့်ဖိတ်ထားသည့် သံဃာတော်များ ကြွရောက်တော်မူပြီး၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ် အောင်ဇော်အေး၊ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဘုန်းမြတ် နှင့် တပ်နယ်မှ အရာရှိမိသားစုများ၊ ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော် ၊ ပြည်နယ်ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကောင်းစံဦး၊ စစ်ဗျူဟာအဖွဲ့(အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်ကိုထိုက်၊ တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင် နှင့် ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ တက်ရောက်လာ ကြသည်။

အဆိုပါ စေတီတော်အား တည်ထားရာတွင်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှတို့အား အမှူးထား၍ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုများ အပါအ၀င် ရပ်နီးရပ်ဝေး နှင့် ဒေသခံ ဓမ္မမိတ်ဆွေ စေတနာရှင် အလှူရှင်များ စုပေါင်းကာ ပါဝင်လှူဒါန်းပြီး တည်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သဗ္ဗညု ဆုတောင်းပြည့်စေတီတော်ကို တာချီလိတ်မြို့ စစ်ဗျူဟာ နှင့် လေယာဉ်ကွင်းအနီး ကုန်းမြင့်တွင် တည်ထားခြင်းဖြစ်ကြောင်းနှင့် ၂၀၁၅ခုနှစ်၊ နိုဝင်ဘာလ(၂၅)ရက်နေ့က ပန္နက်ရိုက်၍ကာ စတင် တည်ထားခဲ့ရာတွင် ဥာဏ်တော်အမြင့်(၅၄)ပေ၊ ထီးတော်မှာ (၉)ပေခွဲရှိပြီး၊ စေတီတော်ရင်ပြင်မှာ (၁၁၀)ပေ ပတ်လည် ကျယ်ဝန်းကြောင်း သိရသည်။

သတင်း - ဝေယံလင်း
ဓာတ်ပုံ - စိုးသီဟ


~~~~~~~~⊰❂ unicode ~~~~~~~~





ဓာတပြုံ - စိုးသီဟ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~