တစ်ရွာထဲနေသူက တုတ်ဖြင့်ရိုက်၍ ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံး

တစ်ရွာထဲနေသူက တုတ်ဖြင့်ရိုက်၍ ၆၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံး
ဇနျနဝါရီ 15, 2017
By Tachileik News Agency

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ တောင်မြို့ကျေးရွာမှ အသက် (၆၆)နှစ်အရွယ် အမျိုးသား တစ်ဦးအား တစ်ရွာထဲနေသူက တုတ်ဖြင့် ရိုက်ရာမှ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

ညောင်ရွှေမြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းလာသူ ဦးတင်မောင်စိုးသည် ဇန်နဝါရီလ (၁၄) ရက် နံနက် (၈)နာရီတွင်  ညောင်ရွေမြို့မဈေးအတွင်းရှိနေစဉ် ၎င်း၏အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးထွန်းကျော်မှာ ဦးခေါင်းတွင်တုတ်ဖြင့် ရိုက်ခံရသည့် ဒဏ်ရာကြောင့် ညောင်ရွေဆေးရုံသို့ ရောက်ရှိနေကြောင်း ကြားသိရသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ညောင်ရွှေမြို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဦးထွန်းကျော်သည် ဦးခေါင်း ငယ်ထိပ်၌ အရှည် နှစ်လက်မခန့် ကွဲအက်ဒဏ်ရာတစ်ချက်ရရှိထားပြီး သတိလစ်နေသည်ကို တွေ့ရှိရပြီး ယင်းနေ့ညနေ (၃)နာရီခန့်တွင် အဆိုပါဒဏ်ရာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။


ညောင်ရွှေမြို့မရဲစခန်းတွင် လင်းကိုကိုထွန်း (ခ) အယ်ကိုအား (ပ) ၄/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - နိုနို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှမြေို့နယ်၊ တောင်မြို့ကျေးရွာမှ အသက် (၆၆)နှစ်အရွယ် အမျိုးသား တစ်ဦးအား တစ်ရွာထဲနေသူက တုတ်ဖြင့် ရိုက်ရာမှ ရရှိသည့် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

ညောင်ရွှမြေို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းလာသူ ဦးတင်မောင်စိုးသည် ဇန်နဝါရီလ (၁၄) ရက် နံနက် (၈)နာရီတွင် ညောင်ရွမြေို့မဈေးအတွင်းရှိနေစဉ်၎င်း၏အစ်ကိုဝမ်းကွဲတော်စပ်သူ ဦးထွန်းကျော်မှာ ဦးခေါင်းတွင်တုတ်ဖြင့် ရိုက်ခံရသည့် ဒဏ်ရာကြောင့် ညောင်ရွေဆေးရုံသို့ ရောက်ရှိနေကြောင်း ကြားသိရသဖြင့် အမှုဖွင့်တိုင်တန်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ညောင်ရွှမြေို့မရဲစခန်းမှ တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာ ဦးထွန်းကျော်သည် ဦးခေါင်း ငယ်ထိပ်၌ အရှည် နှစ်လက်မခန့် ကွဲအက်ဒဏ်ရာတစ်ချက်ရရှိထားပြီး သတိလစ်နေသည်ကို တွေ့ရှိရပြီး ယင်းနေ့ညနေ (၃)နာရီခန့်တွင် အဆိုပါဒဏ်ရာဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။

ဦးထွန်းကျော်သည် တောင်မြို့ရွာ ဘုန်းတော်ကြီးကျောင်းသို့သွားသောလမ်းတွင် တစ်ရွာထဲနေ အသက် (၃၅)နှစ်အရွယ် လင်းကိုကိုထွန်း(ခ) အယ်ကိုက တုတ်ဖြင့်ရိုက်နှက်ခဲ့ကြောင်း ပတ်ဝန်းကျင်၏ ပြောကြားချက်အရ သိရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ညောင်ရွှမြေို့မရဲစခန်းတွင် လင်းကိုကိုထွန်း (ခ) အယ်ကိုအား (ပ) ၄/၁၇ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~