ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္၏ ဆုေပးပြဲႏွင့္ ပညာေရးစံုညီပြဲေတာ္ က်င္းပ

ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္၏ ဆုေပးပြဲႏွင့္ ပညာေရးစံုညီပြဲေတာ္ က်င္းပ
ဇန်နဝါရီ 9, 2017
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕ရွိ ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္၏ ဆုေပးပြဲႏွင့္ ပညာေရးစံုညီပြဲေတာ္ကို အဆိုပါေက်ာင္း၏ ခန္းမတြင္ ဇန္၀ါရီလ(၉)ရက္ေန႔ ညေနပိုင္းက ဖြင့္ပြဲျဖင့္ျပဳလုပ္ၿပီး ညပိုင္းအခ်ိန္ထိ အကအလွမ်ားျဖင့္ ေဖ်ာ္ေျဖတင္ဆက္ကာ က်င္းပျပဳလုပ္ခဲ့ၾကသည္။

ပညာေရးစံုညီပြဲေတာ္အား စတင္ျခင္းအေနျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း၀င္းေအာင္၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔မွဴး ဒုရဲမွဴးႀကီးထိန္၀င္း၊ ခရိုင္လ၀ကဦးစီမွဴး၊ ဒုတိယညႊန္ၾကားေရးမွဴး ဦးေက်ာ္ေမာ္ထြန္း၊ တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမွဴး ေဒၚမာမာဦး ႏွင့္ ေရႊမဟာကိုယ္ပိုင္ အထက္တန္းေက်ာင္း၏ ေက်ာင္းအုပ္ဆရာႀကီး ဦးခင္ေမာင္ျမင့္တို႔က ဖြဲ႔ႀကိဳးျဖတ္၍ ဖြင့္လွစ္ေပးခဲ့ၾကသည္။

ယင္းေနာက္ ၂၀၁၆ - ၂၀၁၇ ပညာသင္အတြင္း ေရႊမဟာကိုယ္ပိုင္အထက္တန္းေက်ာင္းမွ ထူးခြ်န္ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား တာ၀န္ရွိသူမ်ားက ဂုဏ္ျပဳဆုမ်ား အသီးသီး ေပးအပ္ခ်ီးျမႇင့္ခဲ့ၾကသည္။

ဆက္လက္၍ ဆုေပးပြဲအစီအစဥ္ၿပီးသည့္ ေနာက္တြင္ အဆိုပါ ေက်ာင္းမွ အထက္တန္း၊ အလယ္တန္း ႏွင့္ မူလတန္းအဆင့္ ေက်ာင္းသား၊ေက်ာင္းသူမ်ားက သ႐ုပ္ေဖာ္အကမ်ား၊ ရိုးရာအကမ်ား ႏွင့္ ေခတ္ေပၚအကအလွမ်ားျဖင့္ ေဖ်ာ္ေျဖခဲ့ၾကၿပီး အတန္းျပဆရာမ်ားမွလည္း သီဆိုေဖ်ာ္ေျဖခဲ့ၾကေၾကာင္း သိရွိရသည္။

ဓာတ္ပံု - ေဇာင္းညီ

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်၏ ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို အဆိုပါကျောင်း၏ ခန်းမတွင် ဇန်ဝါရီလ(၉)ရက်နေ့ ညနေပိုင်းက ဖွင့်ပွဲဖြင့်ပြုလုပ်ပြီး ညပိုင်းအချိန်ထိ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပညာရေးစုံညီပွဲတော်အား စတင်ခြင်းအနဖြေင့် တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးထိန်ဝင်း၊ ခရိုင်လဝကဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မော်ထွန်း၊ တာချီလိတ်မြို့နယ်ပညာရေးမှူး ဒေါ်မာမာဦး နှင့် ရွှေမဟာကိုယ်ပိုင် အထက်တန်းကျောင်း၏ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်မြင့်တို့က ဖွဲ့ကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ၂၀၁၆ - ၂၀၁၇ ပညာသင်အတွင်း ရွှေမဟာကိုယ်ပိုင်အထက်တန်းကျောင်းမှ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ဆုပေးပွဲအစီအစဉ်ပြီးသည့် နောက်တွင် အဆိုပါ ကျောင်းမှ အထက်တန်း၊ အလယ်တန်း နှင့် မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများက သရုပ်ဖော်အကများ၊ ရိုးရာအကများ နှင့် ခေတ်ပေါ်အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး အတန်းပြဆရာများမှလည်း သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဇောင်းညီ

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~