မူးယစ္ေဆးျဖတ္စခန္းမ်ားကို ရွမ္းျပည္နယ္အတြင္း ခရိုင္ၿမိဳ႕ႀကီးမ်ားအလုိက္ ျပည္နယ္အစိုးရက လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။
"ခရိုင္ၿမိဳ႕ႀကီးေတြကို ဦးစားေပးၿပီးေတာ့ မူးယစ္ေဆး၀ါးနဲ႔ ပတ္သက္ၿပီး Pilot Project နဲ႔ သြားမယ္။ ၿမိဳ႕ႀကီး(၇) ၿမိဳ႕နယ္ေလာက္ သြားမယ္။ မတည္ၿငိမ္ေသးတဲ့ ၿမိဳ႕ေတြကိုေတာ့ အဆင္မေျပေသးဘူးေပါ့။ အဲဒီအတြက္ တည္ၿငိမ္တဲ့ ၿမိဳ႕ေတြမွာ လုပ္မယ္။ ကိုယ္ထူကိုယ္ထ ေဆးျဖတ္စခန္းေတြကိုလည္း ျပည္နယ္အစိုးရအေနနဲ႔ လိုအပ္တဲ့ ဘတ္ဂ်က္မ်ား ထည့္သြင္းေရးဆြဲၿပီးေတာ့မွ ေထာက္ပံ့သြားမယ္"ဟု ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္က တာခ်ီလိတ္ခရီးစဥ္တြင္ ေျပာသည္။
လက္ရိွတြင္ လူမႈဝန္ထမ္းဦးစီးဌာနက မူးယစ္ေဆးျဖတ္စင္တာမ်ားအား ႏုိင္ငံေတာ္ဘတ္ဂ်က္ျဖင့္ လုပ္ေဆာင္ေနေၾကာင္း သိရသည္။
"ႏိုင္ငံေတာ္ရဲ႕ ဘတ္ဂ်တ္နဲ႔ဆိုေတာ့ သင္တန္းကာလ(၃၅)ရက္ ပို႔ခ်ပါတယ္။ ေဆးျဖတ္ကာလက (၁၄) ရက္လုပ္ၿပီး က်န္တဲ့ရက္ေတြကိုေတာ့ ကြ်န္မတို႔ ျပန္လည္ထူေထာင္ေရးအတြက္ လုပ္ပါတယ္။ ေဆးျဖတ္သူ သင္တန္းသားေတြကို ႏိုင္ငံေတာ္က ပံ့ပိုးတဲ့ တစ္ေယာက္ကို တစ္ေန႔စာ (၄၃၂)က်ပ္(၁၀)ျပား နဲ႔ ေကြ်းပါတယ္။ ၿပီးေတာ့ ေစတနာရွင္ အလွဴရွင္မ်ားရဲ႕ ပံ့ပိုးမႈေတြနဲ႔ လုပ္ေဆာင္ေပးပါတယ္"ဟု ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ဳိင္းတံု လူမႈ၀န္ထမ္းဦးစီးဌာနမွ ဒုတိယဦးစီးမွဴး ေဒၚလွလွထြန္းက ေျပာသည္။
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ခရိုင္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ရန္ကုန္ရြာ အတြင္းတြင္ မိုင္းကိုးျပည္သူ႔စစ္ေခါင္းေဆာင္ ဦးက်ေလာ ဖြင့္လွစ္ထားရွိသည့္ မူးယစ္ေဆးျဖတ္စခန္း၌ ေဆးျဖတ္သူ လူငယ္ (၅၀)ဦးအား လူမႈ၀န္ထမ္း ဦးစီးဌာန ႏွင့္ ကုသေရး ဦးစီးဌာနတုိ႔ ပူးေပါင္းကာ ျပန္လည္ ထူေထာင္ေရးသင္တန္းမ်ားကို ပို႔ခ်ေနလွ်က္ရွိေၾကာင္း သိရွိရသည္။
"ခရိုင်မြို့ကြီးတွေကို ဦးစားပေးပြီးတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး Pilot Project နဲ့ သွားမယ်။ မြို့ကြီး(၇) မြို့နယ်လောက် သွားမယ်။ မတည်ငြိမ်သေးတဲ့ မြို့တွေကိုတော့ အဆင်မပြေသေးဘူးပေါ့။ အဲဒီအတွက် တည်ငြိမ်တဲ့ မြို့တွေမှာ လုပ်မယ်။ ကိုယ်ထူကိုယ်ထ ဆေးဖြတ်စခန်းတွေကိုလည်း ပြည်နယ်အစိုးရအနေနဲ့ လိုအပ်တဲ့ ဘတ်ဂျက်များ ထည့်သွင်းရေးဆွဲပြီးတော့မှ ထောက်ပံ့သွားမယ်"ဟု ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က တာချီလိတ်ခရီးစဉ်တွင် ပြောသည်။
လက်ရှိတွင် လူမှုဝန်ထမ်းဦးစီးဌာနက မူးယစ်ဆေးဖြတ်စင်တာများအား နိုင်ငံတော်ဘတ်ဂျက်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
"နိုင်ငံတော်ရဲ့ ဘတ်ဂျတ်နဲ့ဆိုတော့ သင်တန်းကာလ(၃၅)ရက် ပို့ချပါတယ်။ ဆေးဖြတ်ကာလက (၁၄) ရက်လုပ်ပြီး ကျန်တဲ့ရက်တွေကိုတော့ ကျွန်မတို့ ပြန်လည်ထူထောင်ရေးအတွက် လုပ်ပါတယ်။ ဆေးဖြတ်သူ သင်တန်းသားတွေကို နိုင်ငံတော်က ပံ့ပိုးတဲ့ တစ်ယောက်ကို တစ်နေ့စာ (၄၃၂)ကျပ်(၁၀)ပြား နဲ့ ကျွေးပါတယ်။ ပြီးတော့ စေတနာရှင် အလှူရှင်များရဲ့ ပံ့ပိုးမှုတွေနဲ့ လုပ်ဆောင်ပေးပါတယ်"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွန်းက ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာ အတွင်းတွင် မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလော ဖွင့်လှစ်ထားရှိသည့် မူးယစ်ဆေးဖြတ်စခန်း၌ ဆေးဖြတ်သူ လူငယ် (၅၀)ဦးအား လူမှုဝန်ထမ်း ဦးစီးဌာန နှင့် ကုသရေး ဦးစီးဌာနတို့ ပူးပေါင်းကာ ပြန်လည် ထူထောင်ရေးသင်တန်းများကို ပို့ချနေလျှက်ရှိကြောင်း သိရှိရသည်။