ေတာင္ႀကီးၿမိဳ႕တြင္ အမိႈက္မွ စြမ္းအင္ေလာင္စာထုတ္ရန္ အဂၤလန္အေျခစိုက္ ကုမၸဏီျဖင့္ ညိႇႏိႈင္းေန

ေတာင္ႀကီးၿမိဳ႕တြင္ အမိႈက္မွ စြမ္းအင္ေလာင္စာထုတ္ရန္ အဂၤလန္အေျခစိုက္ ကုမၸဏီျဖင့္ ညိႇႏိႈင္းေန
ဇန်နဝါရီ 17, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေတာင္ႀကီးၿမိဳ႕တြင္ အမိႈက္မွ စြမ္းအင္ေလာင္စာထုတ္လုပ္မည့္စက္ရံု တည္ေဆာက္ေရး အတြက္ အဂၤလန္ႏုိင္ငံ အေျခစိုက္ Organic Asia Energy Co.,Ltd ညိႇႏိႈင္းေနေၾကာင္း ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ သိရသည္။

“အဂၤလန္အေျခစိုက္ကုမၸဏီ Organic Asia Energy ကုမၸဏီနဲ႔ အမိႈက္ကေန စြမ္းအင္ ေလာင္စာေတာင့္ေတြ ထုတ္မွာျဖစ္ပါတယ္။ အမိႈက္ေတြကို သန္႔စင္ၿပီးေတာ့ ခြဲျခားၿပီးထုတ္မယ္။ အမိႈက္ပံုမွာလည္း သဘာ၀ပတ္၀န္းက်င္ ထိခိုက္မႈမရွိေအာင္ လုပ္တဲ့သေဘာပါ။ အဲဒီကေန ေလာင္စာထုတ္ရတဲ့ ေရာင္းခ်တဲ့ေငြကို စည္သာပင္သာကိုလည္း (၅)ရာခိုင္ႏႈန္း အက်ဳိးအျမတ္ ခြဲေပးမွာျဖစ္ပါတယ္။ ဒါေတြကိုလည္း အစိုးရအဖြဲ႕ကလည္း သေဘာတူၿပီးသား ျဖစ္တယ္။ ကုမၸဏီနဲ႔ စည္ပင္နဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔အတြက္ (နားလည္မႈစာခၽြန္လြာ)ခ်ဳပ္ဖို႔အတြက္ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုး ၊ ျပည္နယ္ဥပေဒခ်ဳပ္ရံုးကလည္း စိစစ္ၿပီးျဖစ္တယ္။ မၾကာမီခ်ဳပ္ပါတယ္။ MOU စာခ်ဳပ္ခ်ဳပ္ၿပီး မွ သူတို႔လုပ္ငန္းကို စတင္လုပ္မွာျဖစ္ပါတယ္။ အဲဒီက်မွ တိုင္းတာ တာေတြ၊ စက္ရံုေနရာေရြးတာေတြ လုပ္ရမွာျဖစ္ပါတယ္” ဟု ေတာင္ႀကီးၿမိဳ႕နယ္ စည္ပင္သာယာေရးဌာနမွ အမႈေဆာင္အရာရွိ ဦးေအးကိုက ေျပာသည္။

စြန္႔ပစ္အမိႈက္မွ ေလာင္စာစြမ္းအင္ထုတ္လုပ္ရန္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ႏွင့္ ညိႇႏိႈင္းမႈမ်ား ရိွခဲ့ေသာ္လည္း လက္ရိွ အခ်ိန္ထိ အေကာင္အထည္ ေဖၚႏုိင္ျခင္းမရိွေသးဘဲ ေတာင္ႀကီးၿမိဳ႕တြင္ ပထမဆံုး အေကာင္အထည္ ေဖၚႏုိင္ဖြယ္ရိွေၾကာင္း သိရသည္။

“ ရန္ကုန္မွာလည္း လုပ္ေနတာရွိတယ္။ သို႔ေသာ္လည္း သူတို႔ အေကာင္အထည္ မေဖာ္နိုင္ေသးဘူး ။ ေတာင္ႀကီးမွာေတာ့ ပထမဆံုးစၿပီးေတာ့ လုပ္မယ့္္ အေျခအေနမ်ဳိးပါ”ဟု ဦးေအးကိုက ေျပာသည္။

လက္ရိွတြင္ ေတာင္ႀကီးၿမိဳ႕မွ ကံႀကီးအမိႈက္ခ်ကြင္း အတြင္း အမိႈက္မ်ားစြန္႔ပစ္ေနျခင္းျဖစ္ၿပီး ႏွစ္လတစ္ႀကိမ္ စက္ျဖင့္ရွင္းေနရသျဖင့္ ႏွစ္လတစ္ႀကိမ္ကုန္က်စရိတ္ က်ပ္သိန္း(၃၀)မွ က်ပ္သိန္း (၄၀)အထိ ကုန္က်ေနေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမှိုက်မှ စွမ်းအင်လောင်စာထုတ်လုပ်မည့်စက်ရုံ တည်ဆောက်ရေး အတွက် အင်္ဂလန်နိုင်ငံ အခြေစိုက် Organic Asia Energy Co.,Ltd ညှိနှိုင်းနေကြောင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ သိရသည်။

“အင်္ဂလန်အခြေစိုက်ကုမ္ပဏီ Organic Asia Energy ကုမ္ပဏီနဲ့ အမှိုက်ကနေ စွမ်းအင် လောင်စာတောင့်တွေ ထုတ်မှာဖြစ်ပါတယ်။ အမှိုက်တွေကို သန့်စင်ပြီးတော့ ခွဲခြားပြီးထုတ်မယ်။ အမှိုက်ပုံမှာလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်တဲ့သဘောပါ။ အဲဒီကနေ လောင်စာထုတ်ရတဲ့ ရောင်းချတဲ့ငွေကို စည်သာပင်သာကိုလည်း (၅)ရာခိုင်နှုန်း အကျိုးအမြတ် ခွဲပေးမှာဖြစ်ပါတယ်။ ဒါတွေကိုလည်း အစိုးရအဖွဲ့ကလည်း သဘောတူပြီးသား ဖြစ်တယ်။ ကုမ္ပဏီနဲ့ စည်ပင်နဲ့ စာချုပ်ချုပ်ဖို့အတွက် (နားလည်မှုစာချွန်လွာ)ချုပ်ဖို့အတွက် ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ ပြည်နယ်ဥပဒေချုပ်ရုံးကလည်း စိစစ်ပြီးဖြစ်တယ်။ မကြာမီချုပ်ပါတယ်။ MOU စာချုပ်ချုပ်ပြီး မှ သူတို့လုပ်ငန်းကို စတင်လုပ်မှာဖြစ်ပါတယ်။ အဲဒီကျမှ တိုင်းတာ တာတွေ၊ စက်ရုံနေရာရွေးတာတွေ လုပ်ရမှာဖြစ်ပါတယ်” ဟု တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအေးကိုက ပြောသည်။

စွန့်ပစ်အမှိုက်မှ လောင်စာစွမ်းအင်ထုတ်လုပ်ရန် ရန်ကုန်မြို့တော်စည်ပင်နှင့် ညှိနှိုင်းမှုများ ရှိခဲ့သော်လည်း လက်ရှိ အချိန်ထိ အကောင်အထည် ဖော်နိုင်ခြင်းမရှိသေးဘဲ တောင်ကြီးမြို့တွင် ပထမဆုံး အကောင်အထည် ဖော်နိုင်ဖွယ်ရှိကြောင်း သိရသည်။

“ ရန်ကုန်မှာလည်း လုပ်နေတာရှိတယ်။ သို့သော်လည်း သူတို့ အကောင်အထည် မဖော်နိုင်သေးဘူး။ တောင်ကြီးမှာတော့ ပထမဆုံးစပြီးတော့ လုပ်မယ့် အခြေအနေမျိုးပါ”ဟု ဦးအေးကိုက ပြောသည်။

လက်ရှိတွင် တောင်ကြီးမြို့မှ ကံကြီးအမှိုက်ချကွင်း အတွင်း အမှိုက်များစွန့်ပစ်နခြေင်းဖြစ်ပြီး နှစ်လတစ်ကြိမ် စက်ဖြင့်ရှင်းနေရသဖြင့် နှစ်လတစ်ကြိမ်ကုန်ကျစရိတ် ကျပ်သိန်း(၃၀)မှ ကျပ်သိန်း (၄၀)အထိ ကုန်ကျနေကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~