ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔တြင္ က်ေရာက္မည့္ ျပည္ေထာင္စုေန႔ အခမ္းအနားအား ရွမ္းျပည္နယ္အစိုးရက ေတာင္ႀကီးၿမိဳ႕တြင္ မက်င္းပေတာ့ဘဲ ပင္လံုၿမိဳ႕ရွိ ပင္လံုေက်ာက္တုိင္တြင္ ေရႊ႕ေျပာင္း က်င္းပရန္ ျပင္ဆင္ေနၿပီး ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္လည္း တက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
“ဒီႏွစ္က ျပည္ေထာင္စုေန႔ကို ေတာင္ႀကီးမွာေတာ့ မလုပ္ျဖစ္ပါဘူး။ ပင္လံုမွာလုပ္မယ္လို႔ေတာ့ အၾကမ္းဖ်င္း ပဏာမ ေဆြးေႏြးထားတာေတာ့ ရွိပါတယ္။ ကၽြန္ေတာ္တို႔ အစိုးရေပၚလစီတစ္ခုျဖစ္တဲ့ ၂၁ ရာစု ပင္လံုညီလာခံလည္း နီးလာၿပီဆိုတဲ့ အတြက္ေၾကာင့္ပါ။ အတိုင္ပင္ခံရံုးက ေဒၚေအာင္ဆန္းစုၾကည္လည္း ပင္လံုလာမယ္ဆိုေတာ့ ကၽြန္ေတာ္တို႕က ဒီမွာေရာ ႏွစ္ေနရာ မလုပ္နိုင္ေတာ့ဘူးေလ။ ဒါေၾကာင့္ ပင္လံုမွာပဲ စုေပါင္းလုပ္ ျဖစ္ေတာ့မွာပါ”ဟု ရွမ္းျပည္နယ္အစိုးရ ဘ႑ာေရး၀န္ႀကီး ဦးစိုင္းရွန္တစ္လံု က တာခ်ီလိတ္သတင္းေအဂ်င္စီကို ေျပာသည္။
အဆိုပါ ျပည္ေထာင္စုေန႔ အခမ္းအနားအၿပီးတြင္ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ၿငိမ္းခ်မ္းေရး ကို္ယ္စားလွယ္ (၁၈) ဦးႏွင့္ အလြတ္သေဘာေတြ႕ဆံုေဆြးေႏြးသြားမည္ျဖစ္ေၾကာင္း ၎ထံမွ သိရသည္။
“အဲဒီေန႔မွာလည္း ၿငိမ္းခ်မ္းေရးနဲ႔ပတ္သက္တဲ့ ကိုယ္စားလွယ္အဖြဲ႕အစည္းေတြ ၁၈ ေယာက္ေလာက္ ရွိတယ္။ အဲဒီ ၁၈ ေယာက္နဲ႔ ျပည္ေထာင္စုေန႔ အခမ္းအနားၿပီးတာနဲ႔ အလြတ္သေဘာ ေဆြးေႏြးမွာျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္တဲ့ အေတြးအျမင္၊ အေတြးအေခၚေတြ ႏွီးေႏွာဖလွယ္တဲ့ သေဘာပါ။ အဲဒီမွာ လြတ္လပ္တဲ့ အေနနဲ႔ ေဆြးေႏြးၾကမယ္လို႔ အစီအစဥ္ ရွိပါတယ္” ဟု ဦးစိုင္းရွန္တစ္လံုက ဆိုသည္။
ယခင္ႏွစ္မ်ားက ျပည္ေထာင္စုေန႔ကို ေတာင္ႀကီးၿမိဳ႕ အေ၀ရာမီးပံုးပ်ံကြင္းတြင္ က်င္းပခဲ့ေသာ္လည္း ယခုႏွစ္တြင္ ျပည္နယ္အစိုးရအေနျဖင့္ ပင္လံုေက်ာက္တိုင္တြင္ က်င္းပရန္ျပင္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။
သတင္း - ႏိုႏို
“ဒီနှစ်က ပြည်ထောင်စုနေ့ကို တောင်ကြီးမှာတော့ မလုပ်ဖြစ်ပါဘူး။ ပင်လုံမှာလုပ်မယ်လို့တော့ အကြမ်းဖျင်း ပဏာမ ဆွေးနွေးထားတာတော့ ရှိပါတယ်။ ကျွန်တော်တို့ အစိုးရပေါ်လစီတစ်ခုဖြစ်တဲ့ ၂၁ ရာစု ပင်လုံညီလာခံလည်း နီးလာပြီဆိုတဲ့ အတွက်ကြောင့်ပါ။ အတိုင်ပင်ခံရုံးက ဒေါ်အောင်ဆန်းစုကြည်လည်း ပင်လုံလာမယ်ဆိုတော့ ကျွန်တော်တို့က ဒီမှာရော နှစ်နေရာ မလုပ်နိုင်တော့ဘူးလေ။ ဒါကြောင့် ပင်လုံမှာပဲ စုပေါင်းလုပ် ဖြစ်တော့မှာပါ”ဟု ရှမ်းပြည်နယ်အစိုးရ ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှန်တစ်လုံ က တာချီလိတ်သတင်းအေဂျင်စီကို ပြောသည်။
အဆိုပါ ပြည်ထောင်စုနေ့ အခမ်းအနားအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ငြိမ်းချမ်းရေး ကို်ယ်စားလှယ် (၁၈) ဦးနှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။
“အဲဒီနေ့မှာလည်း ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ကိုယ်စားလှယ်အဖွဲ့အစည်းတွေ ၁၈ ယောက်လောက် ရှိတယ်။ အဲဒီ ၁၈ ယောက်နဲ့ ပြည်ထောင်စုနေ့ အခမ်းအနားပြီးတာနဲ့ အလွတ်သဘော ဆွေးနွေးမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အတွေးအမြင်၊ အတွေးအခေါ်တွေ နှီးနှောဖလှယ်တဲ့ သဘောပါ။ အဲဒီမှာ လွတ်လပ်တဲ့ အနေနဲ့ ဆွေးနွေးကြမယ်လို့ အစီအစဉ် ရှိပါတယ်” ဟု ဦးစိုင်းရှန်တစ်လုံက ဆိုသည်။
ယခင်နှစ်များက ပြည်ထောင်စုနေ့ကို တောင်ကြီးမြို့ အေဝရာမီးပုံးပျံကွင်းတွင် ကျင်းပခဲ့သော်လည်း ယခုနှစ်တွင် ပြည်နယ်အစိုးရအနဖြေင့် ပင်လုံကျောက်တိုင်တွင် ကျင်းပရန်ပြင်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို