ေညာင္ေရႊ ညေစ်း လြတ္လပ္ေရးေန႔တြင္ စတင္ ဖြင့္လွစ္မည္

ေညာင္ေရႊ ညေစ်း လြတ္လပ္ေရးေန႔တြင္ စတင္ ဖြင့္လွစ္မည္
ဇန်နဝါရီ 3, 2017
By Tachileik News Agency

ရွမ္းျပည္နယ္ေတာင္ပိုင္း ေညာင္ေရႊၿမဳိ႕တြင္ ေဒသခံႏွင့္ ျပည္ပခရီးသြားမ်ား လည္ပတ္ႏုိင္ရန္ ၿမိဳ႕မ ေက်ာက္တိုင္ကြင္း၊ ဗုိလ္ခ်ဳပ္ပန္းၿခံ၀န္းတြင္ ဖြင့္လွစ္မည့္ ညေစ်းအား ၆၉ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းအမွတ္ အျဖစ္ ဇန္န၀ါရီလ ၄ ရက္ေန႔တြင္ ဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

“ညေစ်းတန္းဖြင့္ရတာကေတာ့ ပထမဆံုး အလုပ္အကိုင္အခြင့္အလမ္းလည္း ေကာင္းလာမယ္။ ခရီးသြားလုပ္ငန္းလည္း ဖြံ႔ၿဖိဳးတိုးတက္လာမယ္။ ျပည္ပခရီးသြားေတြအျပင္ ျပင္တြင္း ခရီးသြားေတြ အတြက္ပါ အဆင္ေျပတယ္။ ေဒသခံေတြလည္း အနားယူအပန္းေျဖရင္းနဲ႔ စားေသာက္ဖို႔ေနရာ လုပ္ေပးထားတယ္။ နက္ျဖန္က်ရင္ေတာ့ ညမီးႀကီး မီးပံုးပ်ံလႊတ္မယ္။ ၿပီးေတာ့ ရိုးရာအကေတြပါမယ္။ ရိုးရာေခါပုတ္ေထာင္းပြဲ၊ ၾကာဇံဟင္းခါး ၁၂ ဒယ္ ေကၽြြးေမြးမွာျဖစ္ပါတယ္။ ကေလးကစား ကြင္းေတြလည္းပါတယ္။ အမ်ားသုံးအိမ္သာလည္း ေဆာက္လုပ္ေပးထားတယ္။ အပန္းေျဖေနရာ တစ္ခုျဖစ္လာတဲ့ အတြက္ေၾကာင့္ ေဒသအတြက္ အက်ဳးိရွိေစမွာျဖစ္ပါတယ္” ေညာင္ေရႊၿမဳိ႕နယ္စည္ပင္သာယာေရး ဌာနမွ အင္ဂ်င္နီယာမွဴး ဦးေက်ာ္သူရေဆြက ေျပာသည္။

အဆိုပါ ညေစ်းဖြင့္မည့္ ကြင္းအက်ယ္အ၀န္းမွာ ေပ (၅၀၀)ႏွင့္ (၂၃၀)ေပက်ယ္ဝန္းၿပီး ေရကူးကန္၊ ညေစ်းတန္းေရာင္းခ်ရန္ ကြန္ကရစ္ခင္းထားေသာေနရာမ်ား ျပဳလုပ္ေပးထားေၾကာင္း သိရသည္။

“ညေစ်းယာယီေစ်းဆိုင္ခန္းအတြက္ ဆယ္ေပပတ္လည္တစ္ခန္းကို တစ္ႏွစ္လံုးစာ တစ္သိန္းႏွစ္ေသာင္းက်ပ္ ေပးေဆာင္ရမွာျဖစ္ပါတယ္။ မီး၊ ေရ၊ ေျမ လံုျခံဳေရးအတြက္ကေတာ့ တစ္လကို ရွစ္ေထာင္ ေပးေဆာင္ရမွာပါ။ စားေသာက္ဆိုင္၊ ရိုးရာဆိုင္၊ အမွတ္တရ ပစၥည္းဆိုင္၊ လက္မႈ အထည္ဆိုင္၊ ပရိုမိုးရွင္း ဆိုင္ေတြ ခြင့္ျပဳထားပါတယ္” ဟု ဦးေက်ာ္သူရေဆြက ေျပာသည္။

အဆိုပါ ညေစ်းတြင္ ဘီးမုန္႔၊ မုန္႔ၾကြပ္ စသည္တို႔ေရာင္းခ်သည့္ ေဒသခံေစ်းသည္မ်ားကိုလည္း ခြင့္ျပဳေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ႏိုႏို

~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှမြေို့တွင် ဒေသခံနှင့် ပြည်ပခရီးသွားများ လည်ပတ်နိုင်ရန် မြို့မ ကျောက်တိုင်ကွင်း၊ ဗိုလ်ချုပ်ပန်းခြံဝန်းတွင် ဖွင့်လှစ်မည့် ညဈေးအား ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

“ညဈေးတန်းဖွင့်ရတာကတော့ ပထမဆုံး အလုပ်အကိုင်အခွင့်အလမ်းလည်း ကောင်းလာမယ်။ ခရီးသွားလုပ်ငန်းလည်း ဖွံ့ဖြိုးတိုးတက်လာမယ်။ ပြည်ပခရီးသွားတွေအပြင် ပြင်တွင်း ခရီးသွားတွေ အတွက်ပါ အဆင်ပြေတယ်။ ဒေသခံတွေလည်း အနားယူအပန်းဖြေရင်းနဲ့ စားသောက်ဖို့နေရာ လုပ်ပေးထားတယ်။ နက်ဖြန်ကျရင်တော့ ညမီးကြီး မီးပုံးပျံလွှတ်မယ်။ ပြီးတော့ ရိုးရာအကတွေပါမယ်။ ရိုးရာခေါပုတ်ထောင်းပွဲ၊ ကြာဇံဟင်းခါး ၁၂ ဒယ် ကျွေးမွေးမှာဖြစ်ပါတယ်။ ကလေးကစား ကွင်းတွေလည်းပါတယ်။ အများသုံးအိမ်သာလည်း ဆောက်လုပ်ပေးထားတယ်။ အပန်းဖြေနေရာ တစ်ခုဖြစ်လာတဲ့ အတွက်ကြောင့် ဒေသအတွက် အကျုးိရှိစေမှာဖြစ်ပါတယ်” ညောင်ရွှမြေို့နယ်စည်ပင်သာယာရေး ဌာနမှ အင်ဂျင်နီယာမှူး ဦးကျော်သူရဆွေက ပြောသည်။

အဆိုပါ ညဈေးဖွင့်မည့် ကွင်းအကျယ်အဝန်းမှာ ပေ (၅၀၀)နှင့် (၂၃၀)ပေကျယ်ဝန်းပြီး ရေကူးကန်၊ ညဈေးတန်းရောင်းချရန် ကွန်ကရစ်ခင်းထားသောနေရာများ ပြုလုပ်ပေးထားကြောင်း သိရသည်။

“ညဈေးယာယီဈေးဆိုင်ခန်းအတွက် ဆယ်ပေပတ်လည်တစ်ခန်းကို တစ်နှစ်လုံးစာ တစ်သိန်းနှစ်သောင်းကျပ် ပေးဆောင်ရမှာဖြစ်ပါတယ်။ မီး၊ ရေ၊ မြေ လုံခြုံရေးအတွက်ကတော့ တစ်လကို ရှစ်ထောင် ပေးဆောင်ရမှာပါ။ စားသောက်ဆိုင်၊ ရိုးရာဆိုင်၊ အမှတ်တရ ပစ္စည်းဆိုင်၊ လက်မှု အထည်ဆိုင်၊ ပရိုမိုးရှင်း ဆိုင်တွေ ခွင့်ပြုထားပါတယ်” ဟု ဦးကျော်သူရဆွေက ပြောသည်။

အဆိုပါ ညဈေးတွင် ဘီးမုန့်၊ မုန့်ကြွပ် စသည်တို့ရောင်းချသည့် ဒေသခံဈေးသည်များကိုလည်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - နိုနို

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~