ထိုင္းႏိုင္ငံ က်င္းဆန္ၿမိဳ႕တြင္ တာခ်ီလိတ္မွ အလုပ္အကိုင္ စိတ္၀င္စားသူမ်ားအား စီးပြားျဖစ္ ေကာ္ဖီေဖ်ာ္နည္း ႏွင့္ ေပါင္မုန္႔ဖုတ္နည္း သင္တန္း အခမဲ့ သင္ၾကားေပးမည္

ထိုင္းႏိုင္ငံ က်င္းဆန္ၿမိဳ႕တြင္ တာခ်ီလိတ္မွ အလုပ္အကိုင္ စိတ္၀င္စားသူမ်ားအား စီးပြားျဖစ္ ေကာ္ဖီေဖ်ာ္နည္း ႏွင့္ ေပါင္မုန္႔ဖုတ္နည္း သင္တန္း အခမဲ့ သင္ၾကားေပးမည္
ဇန်နဝါရီ 19, 2017
By Tachileik News Agency

ထိုင္းႏိုင္ငံ က်င္းဆန္ၿမိဳ႕တြင္ စီးပြားျဖစ္ေကာ္ဖီေဖ်ာ္နည္းသင္တန္း ႏွင့္ ေပါင္မုန္႔ဖုတ္နည္း သင္တန္းကို သင္တန္းကာလ အတြင္း စားရိတ္ၿငိမ္းျဖင့္ သင္တန္း(၂)မ်ဳိးအတြက္ တခ်ီလိတ္မွ လူဦးေရ (၆၀)ဦးအား က်င္းဆန္ၿမိဳ႕ရွိ သင္တန္းေက်ာင္းတြင္ သင္ၾကားေပးမွာ ျဖစ္ရာ တက္ေရာက္သင္ယူလိုသူမ်ား အေနျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းတြင္ လာေရာက္၍ စာရင္းေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ သင္တန္း(၂)မ်ဳိးအား ထိုင္းႏိုင္ငံ က်င္းဆန္ၿမိဳ႕ရွိ ႏိုင္ငံတကာ အသက္ေမြး၀မ္းေက်ာင္း ပညာရပ္ဆိုင္ရာ သင္တန္းေက်ာင္းတြင္ ၂၀၁၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၆)ရက္ေန႔မွ (၁၀)ရက္ေန႔အထိ (၅)ရက္ၾကာ ဖြင့္လွစ္သင္ၾကားေပးသြားမွာျဖစ္ၿပီး သင္တန္းအား အခမဲ့ သင္ၾကားေပးမွာ ျဖစ္သည့္အျပင္ သင္တန္းကာလ အတြင္း တာခ်ီလိတ္ - က်င္းဆန္ အသြားအျပန္ ႏွင့္ အစားအေသာက္၊ ေနရာထိုင္ခင္း အတြက္ပါ အခမဲ့ စီစဥ္ေပးသြားမွာ ျဖစ္ေၾကာင္း တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္ႀကီးမ်ားအသင္းမွ သိရသည္။

စီးပြားျဖစ္ ေကာ္ဖီေဖ်ာ္နည္းသင္တန္း ႏွင့္ ေပါင္မုန္႔ဖုတ္နည္း သင္တန္းမ်ားကို တက္ေရာက္လိုသူမ်ား အေနျဖင့္ တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္ႀကီးမ်ား အသင္းရံုးသို႔ လူကိုယ္တိုင္ လာေရာက္၍ ဇန္န၀ါရီလ(၂၂)ရက္ေန႔ ေနာက္ဆံုးထားကာ စာရင္းေပးသြင္းႏိုင္မွာ ျဖစ္ေၾကာင္း သိရသည္။

သင္တန္းအား ထိုင္းႏိုင္ငံအလုပ္သမား၀န္ႀကီးဌာန၊ မဲေခါင္ျမစ္၀ွမ္းေဒသရွိ အလုပ္သမားမ်ား ဖြံ႔ၿဖဳိးတိုးတက္ေစရန္ ႏွင့္ ျမန္မာအလုပ္သမားမ်ားအတြက္ ထိုင္းႏိုင္ငံရွိ NSEC, EWWC ႏွင့္ SEC အဖြဲ႔အစည္းမ်ားမွ ပူးေပါင္းကာ အစိုးရအဖြဲ႔အစည္းမ်ားမွ ၀န္ထမ္းမ်ား၊ အရပ္ဖက္အဖြဲ႔အစည္းမ်ား၊ စြန္႔ဦးတီထြင္လုပ္ငန္းရွင္မ်ား၊ မန္ေနဂ်ာမ်ား၊ ကိုယ္ပိုင္စီးပြားေရးလုပ္ငန္းတည္ေထာင္လိုသူမ်ားကို ရည္ရြယ္ၿပီး ဖြင့္လွစ္လိုက္သည့္ သင္တန္းျဖစ္ေၾကာင္း သိရသည္။

သင္တန္းႏွင့္ ပတ္သက္၍ ေကာ္ဖီေဖ်ာ္နည္းသင္တန္းတြင္ သင္တန္းသား (၃၀)ဦး ႏွင့္ ေပါင္မုန္႔ဖုတ္နည္း သင္တန္းတြင္ သင္တန္းသား (၃၀)ဦး စုစုေပါင္း (၆၀)ဦး သတ္မွတ္ထားရွိၿပီး လူတစ္ဦးလွ်င္ သင္တန္း ႏွစ္မ်ဳိးအနက္ တစ္မ်ဳိးကိုသာ ေရြးခ်ယ္၍ သင္ယူႏိုင္ခြင့္ရွိမွာ ျဖစ္ေၾကာင္း သိရသည္။

စာရင္းေပးသြင္းရန္လိပ္စာ
တာခ်ီလိတ္ၿမိဳ႕နယ္စပ္ကုန္သည္ႀကီးမ်ားအသင္း
တာခ်ီလိတ္ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနရံုး၀င္းအတြင္း၊ ၀မ္ေကာင္းရပ္ကြက္၊ တာခ်ီလိတ္ၿမိဳ႕။
ဖုန္း - 084-53526 Emai: - [email protected]


~~~~~~~~⊰❂ unicode ~~~~~~~~
ထိုင်းနိုင်ငံ ကျင်းဆန်မြို့တွင် စီးပွားဖြစ်ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းကို သင်တန်းကာလ အတွင်း စားရိတ်ငြိမ်းဖြင့် သင်တန်း(၂)မျိုးအတွက် တချီလိတ်မှ လူဦးရေ (၆၀)ဦးအား ကျင်းဆန်မြို့ရှိ သင်တန်းကျောင်းတွင် သင်ကြားပေးမှာ ဖြစ်ရာ တက်ရောက်သင်ယူလိုသူများ အနဖြေင့် တာချီလိတ်မြို့နယ်စပ်ကုန်သည်ကြီးများအသင်းတွင် လာရောက်၍ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်း(၂)မျိုးအား ထိုင်းနိုင်ငံ ကျင်းဆန်မြို့ရှိ နိုင်ငံတကာ အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ သင်တန်းကျောင်းတွင် ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့မှ (၁၀)ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပြီး သင်တန်းအား အခမဲ့ သင်ကြားပေးမှာ ဖြစ်သည့်အပြင် သင်တန်းကာလ အတွင်း တာချီလိတ် - ကျင်းဆန် အသွားအပြန် နှင့် အစားအသောက်၊ နေရာထိုင်ခင်း အတွက်ပါ အခမဲ့ စီစဉ်ပေးသွားမှာ ဖြစ်ကြောင်း တာချီလိတ်မြို့နယ်စပ်ကုန်သည်ကြီးများအသင်းမှ သိရသည်။

စီးပွားဖြစ် ကော်ဖီဖျော်နည်းသင်တန်း နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းများကို တက်ရောက်လိုသူများ အနဖြေင့် တာချီလိတ်မြို့နယ်စပ်ကုန်သည်ကြီးများ အသင်းရုံးသို့ လူကိုယ်တိုင် လာရောက်၍ ဇန်နဝါရီလ(၂၂)ရက်နေ့ နောက်ဆုံးထားကာ စာရင်းပေးသွင်းနိုင်မှာ ဖြစ်ကြောင်း သိရသည်။

သင်တန်းအား ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာန၊ မဲခေါင်မြစ်ဝှမ်းဒေသရှိ အလုပ်သမားများ ဖွံ့ဖြိုးတိုးတက်စေရန် နှင့် မြန်မာအလုပ်သမားများအတွက် ထိုင်းနိုင်ငံရှိ NSEC, EWWC နှင့် SEC အဖွဲ့အစည်းများမှ ပူးပေါင်းကာ အစိုးရအဖွဲ့အစည်းများမှ ဝန်ထမ်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ မန်နေဂျာများ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတည်ထောင်လိုသူများကို ရည်ရွယ်ပြီး ဖွင့်လှစ်လိုက်သည့် သင်တန်းဖြစ်ကြောင်း သိရသည်။

သင်တန်းနှင့် ပတ်သက်၍ ကော်ဖီဖျော်နည်းသင်တန်းတွင် သင်တန်းသား (၃၀)ဦး နှင့် ပေါင်မုန့်ဖုတ်နည်း သင်တန်းတွင် သင်တန်းသား (၃၀)ဦး စုစုပေါင်း (၆၀)ဦး သတ်မှတ်ထားရှိပြီး လူတစ်ဦးလျှင် သင်တန်း နှစ်မျိုးအနက် တစ်မျိုးကိုသာ ရွေးချယ်၍ သင်ယူနိုင်ခွင့်ရှိမှာ ဖြစ်ကြောင်း သိရသည်။

စာရင်းပေးသွင်းရန်လိပ်စာ
တာချီလိတ်မြို့နယ်စပ်ကုန်သည်ကြီးများအသင်း
တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၊ ဝမ်ကောင်းရပ်ကွက်၊ တာချီလိတ်မြို့။
ဖုန်း - 084-53526 Emai: - [email protected]

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~