ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ ကတ္တရာခင်းခြင်း ဆောင်ရွက်နေသည့် မြို့တွင်း လမ်းပိုင်းများကို ဇန်နဝါရီလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - နိုနို
အကျယ် (၁၂)ပေနှင့် (၁၂၇၇) ပေ အရှည်ရှိသည့် ကံသာရပ်ကွက်အမှတ်(၁) ကတ္တရာလမ်းပိုင်းကို ကျပ်(၁၇၃)သိန်းကျော် ကုန်ကျခံ ဆောင်ရွက်ထားပြီး ဇန်နဝါရီလ (၁) ရက်နေ့က ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကံသာလမ်းပြီးရင်တော့ နောက်ထပ်လမ်း ၄ လမ်း ခင်းဖို့ရှိပါတယ်။ ပိတောက်လမ်း၊ ကျောက်တိုင်အရှေ့လမ်း၊ မြို့လယ်အမှတ် ၆ လမ်း၊ ဝင်းရပ်ကွက်လမ်း ဖြစ်ပါတယ်။ ညောင်ရွှမြေို့ရဲ့ မြို့နယ်စည်ပင်အနေနဲ့ဒေသဖွံ့ဖြိုးရေးအတွက်ကို ဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု ညောင်ရွှမြေို့နယ် စည်ပင်သာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးကျော်သူရဆွေက ပြောသည်။
အဆိုပါ လမ်းဖွင့်ပွဲသို့ အင်းတိုင်းရင်သားရေးရာဝန်ကြီးဒေါက်တာထွန်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်မိုးနှင့် ဒေသခံများ စုစုပေါင်း (၁၂၀) ဦးခန့် တက်ရောက်ကြကြောင်းသိရသည်။
သတင်း - နိုနို