ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ခရိုင္၊ မိုင္းျဖတ္ၿမိဳ႕နယ္၊ က်ိဳင္းတုံ - မိုင္းျဖတ္ ျပည္ေထာင္စု လမ္းမေပၚရွိ ဆိုင္းေလေက်းရြာ မိုင္တိုင္အမွတ္ 711/KM အနီးတြင္ ဇန္နဝါရီလ(၁)ရက္ ညေန(၃)နာရီခြဲ အခ်ိန္က ယာဥ္တိမ္းေမွာက္မႈျဖစ္ပြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ က်ိဳင္းတုံမွ မိုင္းျဖတ္သို႔ ယာဥ္ေမာင္း စိုင္းေဆာင္ေက်ာက္ (၃၂)ႏွစ္ ေမာင္းႏွင္လာေသာ ယာဥ္အမွတ္ YGN -9G/---- HIJET (အျဖဴေရာင္း)ယာဥ္သည္ လမ္းအေကြ႕တြင္ အရွိန္လြန္ၿပီး လမ္းေဘးရွိ နမ့္လုံေခ်ာင္း ေခ်ာက္ အတြင္းသို႔ ထိုးက်တိမ္းေမွာက္ခဲ့ရာ ယာဥ္ေမာင္း စိုင္းေဆာင္ေက်ာက္ ႏွင့္ ယာဥ္ေနာက္လိုက္ပါလာေသာ ယာဥ္ေမာင္း မိခင္ ေဒၚနန္းေဖာင္းႏြန္းတုိ႔ ႏွစ္ဦးမွာ (မစိုးရိမ္ရ)ဒဏ္ရာမ်ားရရွိၾကသည္။
အဆိုပါ ဒဏ္ရာရရွိသူ ၂ဦးအား မိုင္းျဖတ္ၿမိဳ႕ ျပည္သူ႕ေဆး႐ုံးမွ က်ိဳင္းတုံျပည္သူ႔ေဆး႐ုံးသို႔ ေဆးဝါးကုသရန္ ပို႔ေဆာင္ခဲ့ ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္အား မဆင္မျခင္ေမာင္းႏွင္သူ စိုင္းေဆာင္ေက်ာက္အား ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္အေရးယူေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။
သတင္း/ဓာတ္ပံု - မိုင္းျဖတ္ၿမိဳ႕နယ္ ျပန္/ဆက္





~~~~~~~~⊰❂ unicode ❂⊱~~~~~~~~
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်၊ ကျိုင်းတုံ - မိုင်းဖြတ် ပြည်ထောင်စု လမ်းမပေါ်ရှိ ဆိုင်းလေကျေးရွာ မိုင်တိုင်အမှတ် 711/KM အနီးတွင် ဇန်နဝါရီလ(၁)ရက် ညနေ(၃)နာရီခွဲ အချိန်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျိုင်းတုံမှ မိုင်းဖြတ်သို့ ယာဉ်မောင်း စိုင်းဆောင်ကျောက် (၃၂)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN -9G/---- HIJET (အဖြူရောင်း)ယာဉ်သည် လမ်းအကွေ့တွင် အရှိန်လွန်ပြီး လမ်းဘေးရှိ နမ့်လုံချောင်း ချောက် အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ ယာဉ်မောင်း စိုင်းဆောင်ကျောက် နှင့် ယာဉ်နောက်လိုက်ပါလာသော ယာဉ်မောင်း မိခင် ဒေါ်နန်းဖောင်းနွန်းတို့ နှစ်ဦးမှာ (မစိုးရိမ်ရ)ဒဏ်ရာများရရှိကြသည်။
အဆိုပါ ဒဏ်ရာရရှိသူ ၂ဦးအား မိုင်းဖြတ်မြို့ ပြည်သူ့ဆေးရုံးမှ ကျိုင်းတုံပြည်သူ့ဆေးရုံးသို့ ဆေးဝါးကုသရန် ပို့ဆောင်ခဲ့ ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင်မောင်းနှင်သူ စိုင်းဆောင်ကျောက်အား မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
သတင်း/ဓာတ်ပုံ - မိုင်းဖြတ်မြို့နယ် ပြန်/ဆက်