(၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနား မုိင္းဆတ္၌ က်င္းပ

(၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနား မုိင္းဆတ္၌ က်င္းပ
ဇန်နဝါရီ 4, 2017
By Tachileik News Agency

၆၉ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အခမ္းအနားကုိ ရွမ္းျပည္နယ္(အေရွ႕ပုိင္း)၊ မုိင္းဆတ္ခ႐ုိင္တြင္ ဇန္န၀ါရီ ၄ ရက္ နံနက္ ၇ နာရီခဲြက  မိုးလုံေလလုံအားကစား႐ုံ၌ က်င္းပသည္။

အဆိုပါ အခမ္းအနားတြင္ ဂုဏ္ျပဳတပ္ဖဲြ႕က ဦးေဆာင္၍ ႏိုင္ငံေတာ္ အလံကို အေလးျပဳၾကၿပီး ျပည္ေထာင္စုသမၼတ ျမန္မာႏုိင္ငံေတာ္ ႏုိင္ငံေတာ္သမၼတ  ဦးထင္ေက်ာ္ထံမွ ေပးပုိ႔ေသာ (၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ သ၀ဏ္လႊာကုိ မိုင္းဆတ္ခ႐ုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္က ဖတ္ၾကားသည္။

အဆိုပါ အခမ္းအနားတြင္ ၆၉ ႏွစ္ေျမာက္  လြတ္လပ္ေရးေန႔   အထိမ္းအမွတ္ စာစီစာကုံးၿပိဳင္ပဲြတြင္ ဆုရရိွသူမ်ားျဖစ္သည့္ အထက္တန္းအဆင့္ ပထမဆုရရွိသည့္ မသီရိနႏၵာ၊ ဒုတိယဆုရရိွသည့္ မအိလာႏွင့္ တတိယဆုရရိွသည့္ မ၀င္းမာေအး ၊ အလယ္တန္းအဆင့္ ပထမဆုရသည့္ မဇင္မီမီႏိုင္၊ ဒုတိယဆုရရိွသည့္ မလင္းထက္ထက္ေအာင္ႏွင့္ တတိယဆုရရိွ သည့္ ေမာင္က်ေထာ၊  မူလတန္းအဆင့္ ပထမ ဆုရရွိသည့္ ေမာင္ေက်ာ္ဇင္သန္႔၊ ဒုတိယဆုရရွိသည့္ မနန္းဆုရတီေအာင္ႏွင့္ တတိယဆုရရိွသည့္ မျမေဟမာန္စိုးတို႔ ကုိ ဆုမ်ားေပးအပ္ ခ်ီးျမႇင့္သည္။

သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~
၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်တွင် ဇန်နဝါရီ ၄ ရက် နံနက် ၇ နာရီခွဲက မိုးလုံလေလုံအားကစားရုံ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့က ဦးဆောင်၍ နိုင်ငံတော် အလံကို အလေးပြုကြပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့သော (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာကို မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်က ဖတ်ကြားသည်။

အဆိုပါ အခမ်းအနားတွင် ၆၉ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများဖြစ်သည့် အထက်တန်းအဆင့် ပထမဆုရရှိသည့် မသီရိနန္ဒါ၊ ဒုတိယဆုရရှိသည့် မအိလာနှင့် တတိယဆုရရှိသည့် မဝင်းမာအေး၊ အလယ်တန်းအဆင့် ပထမဆုရသည့် မဇင်မီမီနိုင်၊ ဒုတိယဆုရရှိသည့် မလင်းထက်ထက်အောင်နှင့် တတိယဆုရရှိ သည့် မောင်ကျထော၊ မူလတန်းအဆင့် ပထမ ဆုရရှိသည့် မောင်ကျော်ဇင်သန့်၊ ဒုတိယဆုရရှိသည့် မနန်းဆုရတီအောင်နှင့် တတိယဆုရရှိသည့် မမြဟေမာန်စိုးတို့ ကို ဆုများပေးအပ် ချီးမြှင့်သည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~