မိုင္းဆတ္ၿမိဳ႕နယ္ ပညာေရးစံုညီပြဲေတာ္က်င္းၿပီး ထူးခြ်န္သူမ်ားအား ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္

မိုင္းဆတ္ၿမိဳ႕နယ္ ပညာေရးစံုညီပြဲေတာ္က်င္းၿပီး ထူးခြ်န္သူမ်ားအား ဂုဏ္ျပဳဆုမ်ား ခ်ီးျမႇင့္
ဇန်နဝါရီ 11, 2017
By Tachileik News Agency
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ခရိုင္၊ မိုင္းဆတ္ၿမိဳ႕နယ္၏ ၂၀၁၆ - ၂၀၁၇ ပညာသင္ႏွစ္ ပညာေရးစံုညီပြဲေတာ္ကို ဇန္၀ါရီလ(၁၀)ရက္ေန႔ နံနက္ပိုင္းက မိုင္းဆတ္ၿမိဳ႕ရွိ အေျခခံပညာ အထက္တန္းေက်ာင္းတြင္ က်င္းပျပဳလုပ္သည္။

အဆိုပါ ပြဲေတာ္တြင္ ၿမိဳ႕နယ္အဆင့္ အျပည္ျပည္ဆိုင္ရာမူးယစ္ေဆး၀ါးအလြဲသုံးမႈႏွင့္ တရားမ၀င္ ေရာင္း၀ယ္မႈတိုက္ဖ်က္ေရးေန႔၊ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးေန႔၊ ကမၻာ့ဆရာမ်ားေန႔၊ ကမၻာ့ခုခံအားက်ဆင္းမႈကူးစက္ေရာဂါ တိုက္ဖ်က္ေရးေန႔ႏွင့္ (၆၉)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ အထိမ္းမွတ္ စာစီစာကုံး၊ ကဗ်ာႏွင့္ ပန္းခ်ီၿပိဳင္ပဲြမ်ားတြင္ ဆုရရိွ ေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ား၊ ဘာသာရပ္စြမ္းရည္ၿပိဳင္ပဲြမ်ားတြင္ ဆုရရိွေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ား၊ ၿမိဳ႕နယ္၊ ျပည္နယ္ႏွင့္ ဗဟိုအဆင့္ ထူးခၽြန္ဆုရ ဆရာ၊ဆရာမမ်ား၊ ၂၀၁၅-၂၀၁၆ပညာသင္ႏွစ္ စတုတၳတန္းႏွင့္ အဌမ တန္းတြင္ (A)အဆင့္ျဖင့္ ထူးခၽြန္စြာေအာင္ျမင္ေသာ ေက်ာင္းသား၊ေက်ာင္းသူမ်ားႏွင့္ တကၠသိုလ္၀င္တန္းတြင္ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ေသာ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား အမ်ဳိးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလုံစံခတ္၊ မိုင္းဆတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးေနမ်ဳိးေအာင္၊  ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သူလိႈင္၊ ၿမိဳ႕နယ္ပညာေရးမွဴး ဦးခင္ေမာင္တင့္ႏွင့္ တာ၀န္ရိွသူတို႔က ဆုမ်ားေပးအပ္ခ်ီးျမႇင့္သည္။

ယင္းေနာက္ အမ်ဳိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလုံစံခတ္ႏွင့္ အမ်ဳိးသမီးအိမ္တြင္းမႈ သက္ေမြးလုပ္ ငန္းသင္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚနန္းစံဖူးေလာ၀္တို႔က ခ႐ိုင္အဆင့္ထူးခၽြန္ေျဖဆိုၾကမည့္ ေက်ာင္း သား၊ေက်ာင္းသူမ်ားအတြက္ ေထာက္ပံ့ေငြမ်ားေပးအပ္ရာ မိုင္းဆတ္ၿမိဳ႕နယ္ပညာေရးမွဴး ဦးခင္ေမာင္တင့္က လက္ခံရယူခဲ့ေၾကာင္း သိရသည္။

သတင္း/ဓာတ္ပံု - သန္းေဇာ္ဦး

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၏ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်ဝါရီလ(၁၀)ရက်နေ့ နံနက်ပိုင်းက မိုင်းဆတ်မြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

အဆိုပါ ပွဲတော်တွင် မြို့နယ်အဆင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၊ ကမ္ဘာ့ဆရာများနေ့၊ ကမ္ဘာ့ခုခံအားကျဆင်းမှုကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့နှင့် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိ သော ကျောင်းသား၊ကျောင်းသူများ၊ ဘာသာရပ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား၊ကျောင်းသူများ၊ မြို့နယ်၊ ပြည်နယ်နှင့် ဗဟိုအဆင့် ထူးချွန်ဆုရ ဆရာ၊ဆရာမများ၊ ၂၀၁၅-၂၀၁၆ပညာသင်နှစ် စတုတ္ထတန်းနှင့် အဌမ တန်းတွင် (A)အဆင့်ဖြင့် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ကျောင်းသူများနှင့် တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးဖြင့် အောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ မိုင်းဆတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုးအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူလှိုင်၊ မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်နှင့် တာဝန်ရှိသူတို့က ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်နှင့် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ် ငန်းသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းစံဖူးလောဝ်တို့က ခရိုင်အဆင့်ထူးချွန်ဖြေဆိုကြမည့် ကျောင်း သား၊ကျောင်းသူများအတွက် ထောက်ပံ့ငွေများပေးအပ်ရာ မိုင်းဆတ်မြို့နယ်ပညာရေးမှူး ဦးခင်မောင်တင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - သန်းဇော်ဦး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~