တာခ်ီလိတ္ၿမိဳ႕မေစ်းအတြင္း MPT GSM ဖုန္းလိုင္းမ်ား မမိ၍ ေကာင္းမြန္ရန္ ဆက္သြယ္ေရးမွ ကြင္းဆင္းေဆာင္ရြက္

တာခ်ီလိတ္ၿမိဳ႕မေစ်းအတြင္း MPT GSM ဖုန္းလိုင္းမ်ား မမိ၍ ေကာင္းမြန္ရန္ ဆက္သြယ္ေရးမွ ကြင္းဆင္းေဆာင္ရြက္
ဇန်နဝါရီ 20, 2017
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်းအား အဆင့္ျမႇင့္တင္ ေဆာက္လုပ္လိုက္ၿပီးေနာက္ ေစ်းႀကီး၏ အေဆာက္အဦေၾကာင့္ MPT GSM ဖုန္းလုိင္းမ်ားမွာ ယခင္ကလို ေကာင္းမြန္ျခင္းမရွိေတာ့သည့္အတြက္ ေစ်းသူ၊ ေစ်းသားမ်ားမွ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးမွ တစ္ဆင့္ ျမန္မာ့ဆက္သြယ္ေရးသို႔ တင္ျပရာ၊ ဆက္သြယ္ေရးမွ တာ၀န္ရွိသူမ်ားက ကြင္းဆင္းစစ္ေဆးၿပီး MPT ဖုန္းလိုင္းမ်ား ေကာင္းမြန္ရန္ စမ္းသပ္မႈမ်ားျပဳလုပ္ကာ ေဆာင္ရြက္ေပးလိုက္ေၾကာင္း သိရသည္။

"ေစ်းသူ၊ ေစ်းသားေတြက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးဆီကို စာတင္ေတာ့ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက ျပန္လည္အေၾကာင္းၾကားလာတာနဲ႔ ကြ်န္မတို႔က တာ၀ါတိုင္ေတြမွာ Multi Sector ေတြထည့္ၿပီး စမ္းၾကည့္ပါတယ္။  Multi Sector ထည့္လို႔ အဆင္မေျပရင္ေတာ့ ေစ်းထဲမွာ Indoor Antinor ေလးေတြထည့္ရမွာေပါ့ေနာ္။ အခုကေတာ့ တာ၀ါတိုင္မွာ Multi Sector ထည့္လိုက္ေတာ့ အဆင္ေျပသြားပါၿပီ။ ေစ်းထဲမွာ ေနရာအႏွံ႔ စမ္းသပ္ၾကည့္လိုက္ေတာ့ MPT GSM ဖုန္းလုိင္းေတြ အကုန္ရၿပီ၊"ဟု  ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ တာခ်ီလိတ္ၿမိဳ႕နယ္တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌးက တာခ်ီလိတ္သတင္း ေအဂ်င္စီကို ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕မ(၀မ္ေကာင္း)ေစ်းအတြင္း MPT GSM ဖုန္းလုိင္းမ်ား ေကာင္းမြန္ရန္အတြက္  ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းမွ ျပည္နယ္မန္ေနဂ်ာ ဦးသိန္းေဌးျမင့္ ႏွင့္ တာခ်ီလိတ္ၿမိဳ႕နယ္တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌး အပါအ၀င္ တာ၀န္ရွိသူမ်ားက ကြင္းဆင္းစစ္ေဆးခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕မေစ်းရွိ ေစ်းသူေစ်းသားမ်ားမွ တယ္လီဖုန္းဆက္သြယ္ေရးျဖင့္ လုပ္ငန္းမ်ား လုပ္ကိုင္ရသည္မ်ား ရွိသည့္အတြက္ တယ္လီဖုန္းလိုင္းမ်ား မေကာင္းပါက အဆင္ေျပမႈမရွိႏိုင္ေၾကာင္း ႏွင့္ တယ္လီဖုန္းလိုင္းမ်ား ေကာင္းမြန္ေစရန္ ေဆာင္ရြက္ေပးႏိုင္ေရးအတြက္ ရွမ္းျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရး၀န္ႀကီး ဦးစိုးညႊန္႔လြင္၏ ဒီဇင္ဘာလ ခရီးစဥ္က တင္ျပခဲ့ဖူးေၾကာင္း သိရွိရသည္။

ဓာတ္ပံု - ဆက္သြယ္ေရး


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးအား အဆင့်မြှင့်တင် ဆောက်လုပ်လိုက်ပြီးနောက် ဈေးကြီး၏ အဆောက်အဦကြောင့် MPT GSM ဖုန်းလိုင်းများမှာ ယခင်ကလို ကောင်းမွန်ခြင်းမရှိတော့သည့်အတွက် ဈေးသူ၊ ဈေးသားများမှ မြို့နယ်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် မြန်မာ့ဆက်သွယ်ရေးသို့ တင်ပြရာ၊ ဆက်သွယ်ရေးမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး MPT ဖုန်းလိုင်းများ ကောင်းမွန်ရန် စမ်းသပ်မှုများပြုလုပ်ကာ ဆောင်ရွက်ပေးလိုက်ကြောင်း သိရသည်။

"ဈေးသူ၊ ဈေးသားတွေက မြို့နယ်အုပ်ချုပ်ရေးမှူးဆီကို စာတင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြန်လည်အကြောင်းကြားလာတာနဲ့ ကျွန်မတို့က တာဝါတိုင်တွေမှာ Multi Sector တွေထည့်ပြီး စမ်းကြည့်ပါတယ်။ Multi Sector ထည့်လို့ အဆင်မပြေရင်တော့ ဈေးထဲမှာ Indoor Antinor လေးတွေထည့်ရမှာပေါ့နော်။ အခုကတော့ တာဝါတိုင်မှာ Multi Sector ထည့်လိုက်တော့ အဆင်ပြေသွားပါပြီ။ ဈေးထဲမှာ နေရာအနှံ့ စမ်းသပ်ကြည့်လိုက်တော့ MPT GSM ဖုန်းလိုင်းတွေ အကုန်ရပြီ၊"ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာချီလိတ်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေးက တာချီလိတ်သတင်း အေဂျင်စီကို ပြောသည်။

တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးအတွင်း MPT GSM ဖုန်းလိုင်းများ ကောင်းမွန်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ပြည်နယ်မန်နေဂျာ ဦးသိန်းဌေးမြင့် နှင့် တာချီလိတ်မြို့နယ်တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေး အပါအဝင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့မဈေးရှိ ဈေးသူဈေးသားများမှ တယ်လီဖုန်းဆက်သွယ်ရေးဖြင့် လုပ်ငန်းများ လုပ်ကိုင်ရသည်များ ရှိသည့်အတွက် တယ်လီဖုန်းလိုင်းများ မကောင်းပါက အဆင်ပြေမှုမရှိနိုင်ကြောင်း နှင့် တယ်လီဖုန်းလိုင်းများ ကောင်းမွန်စေရန် ဆောင်ရွက်ပေးနိုင်ရေးအတွက် ရှမ်းပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်၏ ဒီဇင်ဘာလ ခရီးစဉ်က တင်ပြခဲ့ဖူးကြောင်း သိရှိရသည်။

ဓာတ်ပုံ - ဆက်သွယ်ရေး

 #TachileikNewsAgency #TachileikOnlineNews www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~