ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် တာကျောက်ကျေးရွာအနီး ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စု လမ်းမပေါ်မှ နမ့်လုံချောင်းအတွင်း ဇန်နဝါရီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ယာဉ်ထိုးကျ တိမ်းမှောက် သွားသည့် မိသားစုမှ ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးကို ရှာဖွေနေရဆဲဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ဖြစ်ရာသို့ မိုင်းဖြတ်မြို့မှရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သင်္ဂဟလူမှုကူညီရေးအသင်းနှင့် ဒေသခံများက ကယ်ဆယ်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဒဏ်ရာရရှိထားသူများအား ဆေးဝါး ကုသခံယူနိုင်ရန်အတွက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးကာ ပျောက်ဆုံးနေသော (၆)နှစ်အရွယ်ကလေးငယ်အား ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။
သတင်း - ရှောလမွန်
ယာဉ်မောင်း ဦးယောနစံ မောင်းနှင်လာသောအဆိုပါကားတွင် ဦးအောင်စိုးမိုးနှင့် မိသားစုဝင်လေးဦးတို့ လိုက်ပါလာပြီး ကျိုင်းတုံမြို့မှ မိုင်းဖြတ်မြို့နယ်၊ မိုင်းဟဲကျေးရွာသို့ အပြန်ခရီး၌ အရှိန်မထိန်းနိုင်၍ လမ်းဘေးရှိ နမ့်လုံချောင်းထဲသို့ထိုးကျတိမ်းမှောက်သွားခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ဦးအောင်စိုးမိုးနှင့် ဇနီးဒေါ်မြင့်မြင့်တင်၊ သားဖြစ်သူနှင့် ယာဉ်မောင်းဦးယောနစံ (စိုးရိမ်ရ)တို့ ၄ ဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိကြပြီး ၃နှစ်အရွယ် သမီးငယ်မှာ ထိခိုက်ဒဏ်ရာ မရှိဘဲ သမီးဖြစ်သူ ၆ နှစ်အရွယ်ကလေးမှာ ပျောက်ဆုံးနေကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်ဖြစ်ရာသို့ မိုင်းဖြတ်မြို့မှရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သဂငှ်လူမှုကူညီရေးအသင်းနှင့် ဒေသခံများက ကယ်ဆယ်ရေး လုပ်ငန်းများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြပြီး ဒဏ်ရာရရှိထားသူများအား ဆေးဝါး ကုသခံယူနိုင်ရန်အတွက် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်နိုင်ရေး ကူညီဆောင်ရွက်ပေးကာ ပျောက်ဆုံးနေသော (၆)နှစ်အရွယ်ကလေးငယ်အား ပြန်လည်တွေ့ရှိနိုင်ရေးအတွက် ဆက်လက်ရှာဖွေလျှက်ရှိကြောင်း သိရသည်။
သတင်း - ရှောလမွန်
ဓာတ်ပုံ - သန်းထွန်းအေး(ပြန်ဆက်)